Local: မြန်မာလိဂ် အကောင်းဆုံး ကစားသမားဆု အောင်သူရရှိ

အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်းက ရရှိခဲ့ပါတယ်။

play

 

၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အကောင်းဆုံးကစားသမားဆုကို ရတနာပုံအသင်းတိုက်စစ်မှူးအောင်သူက ရရှိခဲ့တယ်လို့ သိရပါတယ်။

 မြန်မာလိဂ်အကောင်းဆုံးဆုပေးပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ၂ဝ၁၆ အတွက် အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်းက ရရှိခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၆ အတွက် ဂိုးသွင်းဘုရင်ဆုကို ရတနာပုံမှ ဝင်းနိုင်စိုးနဲ့ ကိသ်၊ ဧရာဝတီမှ ခရစ္စတိုဖာတို့ သုံးဦးက ပူးတွဲရရှိခဲ့ပါတယ်။ မြန်မာလိဂ် ချန်ပီယံအသင်းတွေကို ဆုကြေးငွေ ကျပ်သိန်း ၁,၀၀၀ ၊ ဒုတိယ ကျပ်သိန်း ၇၅ဝ၊ တတိယကျပ် သိန်း ၅ဝဝ နဲ့ စတုတ္ထကျပ် သိန်း ၂၅ဝ ချီးမြှင့်ခဲ့ပြီး ရှုံးထွက်ဖလား ချန်ပီယံအသင်းကို ဆုကြေးငွေ ပထမကျပ် သိန်း ၃ဝဝ၊ ဒုတိယ ကျပ်သိန်း ၂၀၀ စီ ချီးမြှင့်ခဲ့ပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ