Local: မြန်မာနဲ့ အိုမန် ရန်ကုန်မှာ ခြေစမ်းမယ်

ရက်ဒင်းအသင်းရဲ့ ဂိုးသမား အယ်လ်ဟက်ဘ်ဆီဟာ အိုမန်မှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပါဝင်နေပါတယ်။

play

 

 မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ အိုမန် အသင်းနဲ့ ရန်ကုန်မြို့မှာ  ခြေစမ်းကစားမယ်လို့ သိရပါတယ်။

ဆူဇူကီးပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် နိုဝင်ဘာ ၁၄ ရက်မှာ  မြန်မာအသင်းနဲ့ အိုမန်အသင်းတို့ဟာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကစားကြမှာဖြစ်ပြီး  ပရီးမီးယားလိဂ်ကလပ် ဝီဂန်အသင်းရဲ့ ကစားသမားဟောင်းနဲ့  လက်ရှိ ရက်ဒင်းအသင်းရဲ့ ဂိုးသမား အယ်လ်ဟက်ဘ်ဆီဟာ အိုမန်မှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပါဝင်နေပါတယ်။

မြန်မာနဲ့ အိုမန်အသင်းတို့ဟာ ၂၀၁၁ က ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ  နောက်ဆုံးတွေ့ဆုံပြီး  မြန်မာအသင်းက ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အိုမန်အသင်းဟာ  ကမ္ဘာ့အဆင့် ၁၂၉ ဖြစ်ပြီး မြန်မာအသင်းက ကမ္ဘာ့အဆင့် ၁၅၆ မှာ ရပ်တည်နေပါတယ်။

 မြန်မာအသင်းဟာ ဒေသတွင်းအင်ဒိုနီးရှားအသင်းနဲ့ နိုဝင်ဘာ ၄ ရက်မှာ ခြေစမ်းကစားဖို့လည်း ရှိနေပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ