Local: ဂတ်ဖရိုင်းဒရစ်က မကစားချင်တာကြောင့် အီရန်နဲ့ ခြေစမ်းပွဲ ပျက်ပြယ်

ခြေစမ်းကစားဖို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တရားဝင် အကြောင်းကြားရာမှာ အီရန်အသင်းက လက်ခံခဲ့ပါတယ်။

play

 

အာရှထိပ်တန်းအသင်းဖြစ်တဲ့ အီရန်နဲ့ကစားဖို့ သဘောတူညီမှု ရခဲ့ပေမဲ့ မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က မကစားချင်တာကြောင့် အဆိုပါပွဲဟာ ပျက်ပြယ်ခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာ့လက်ရွေးစင်အသင်း နဲ့ အီရန်လက်ရွေးစင်အသင်းတို့ ခြေစမ်းကစားဖို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တရားဝင် အကြောင်းကြားရာမှာ အီရန်အသင်းက လက်ခံခဲ့ပြီးဖြစ်ပေမဲ့  မြန်မာအသင်းနည်းပြချုပ်က အီရန်အသင်းနဲ့ ခြေစမ်းကစားလိုခြင်းမရှိတာကြောင့်  အဆိုပါခြေစမ်းပွဲကို ဖျက်ခဲ့ရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောထားပါတယ်။

ဆူဇူကီးပြိုင်ပွဲ အကြိုပြင်ဆင်နေတဲ့အနေနဲ့ မြန်မာအသင်းဟာ နိုဝင်ဘာ ၄ ရက်မှာ အင်ဒိုနီးရှားအသင်း၊ နိုဝင်ဘာ ၁၄ ရက်မှာ အိုမန်အသင်းတို့နဲ့ ရန်ကုန်မြို့မှာ ခြေစမ်းကစားမှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ