Local: ကမ္ဘာ့အဆင့်ကျသွားတဲ့ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း

အရင်လထက် သုံးဆင့်လျော့ကျခဲ့ပြီး ကမ္ဘာ့အဆင့် (၁၅၆) မှာ ရပ်တည်ခဲ့ပါတယ်။

play

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က အောက်တိုဘာလအတွက် ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းက အရင်လထက်သုံးဆင့်လျော့ကျခဲ့ပြီး ကမ္ဘာ့အဆင့် (၁၅၆) မှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ မြန်မာအသင်းက အာရှနိုင်ငံတွေထဲမှာ အဆင့်(၂၈) နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ  အဆင့်(၄)နေရာမှာရပ်တည်နေပြီး အီရန်အသင်းက ကမ္ဘာ့အဆင့် (၂၇) နဲ့ အာရှမှာ ထိပ်ဆုံးကနေ ဦးဆောင်ထားပါတယ်။

ကမ္ဘာ့အဆင့်မှာတော့ အာဂျင်တီးနားက ကမ္ဘာ့အဆင့်(၁) မှာ ဆက်လက်ရပ်တည်နေပြီး အဲဒီနောက်မှာ ဂျာမနီ၊ ဘရာဇီး၊  ဘယ်လ်ဂျီယံ၊ ကိုလံဘီယာ၊ချီလီ၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဥရုဂွေး၊ စပိန်အသင်းတို့က အစဉ်လိုက်ရပ်တည်နေကာ လူကြိုက်များတဲ့ အင်္ဂလန်အသင်းကတော့ အဆင့်(၁၂)မှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ