Local: ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေး ပိုရှိလာတယ်လို့ မြန်မာယူ-၁၉ အမျိုးသမီးအသင်း နည်းပြပြော

ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

play

 

အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စု (ဂ)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာ ဖြစ်တာကြောင့် ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးပိုရှိလာတယ်လို့ အသင်းနည်းပြချုပ် ဦးဝင်းမြင့်သွင်က ပြောကြားလိုက်ပါတယ်။

ကိုယ့်ပရိသတ်ရှေ့မှာ ကစားရမှာဖြစ်ပြီး အိမ်ရှင်အခွင့်အရေးရှိတာကြောင့်  အနည်းဆုံးတော့ ၈၀ ရာခိုင်နှုန်း ကိုယ့်ဘက်မှာ ရှိလာတယ်လို့ ဦးဝင်းမြင့်သွင်က ပြောကြားထားတာဖြစ်ပါတယ်။ အုပ်စု(ဂ) မှာ မြန်မာ၊ ထိုင်း၊ ပါလက်စတိုင်းနဲ့ ကာဂျစ္စတန်အသင်းတို့ ပါဝင်နေပြီး ဒီဇင်ဘာ ၂၀ ရက်ကနေ ၂၄ ရက် အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

  ပြိုင်ပွဲဝင် ၁၈ သင်းကို အုပ်စုလေးစုခွဲကာ ယှဉ်ပြိုင်မှာဖြစ်ပြီး အုပ်စုတစ်စုတိုင်းရဲ့ အမှတ်အများဆုံး အသင်းတစ်သင်းစီက ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ