Local: ရန်ကုန်ကစားသမား နှစ်ယောက်ကို ခေါ်ဖို့ ထိုင်းကလပ်အသင်းတစ်သင်း ကမ်းလှမ်း

ဘယ်ကစားသမားကို ခေါ်ယူချင်တယ်ဆိုတာကိုတော့ အတိအကျပြောခြင်း မရှိသေးဘူးလို့ ရန်ကုန်အသင်းမန်နေဂျာ ဦးမြင့်သိန်းက ပြောထားပါတယ်။

play

 

ထိုင်းကလပ်အသင်းတစ်သင်းဟာ ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမားနှစ်ဦးကို ခေါ်ယူဖို့ နှုတ်အားဖြင့် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ထိုင်းဒုတိယတန်းကလပ် ဆာမက်ဆာခွန်အသင်းဟာ  မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းက ကစားသမားနှစ်ဦးကို ခေါ်ယူဖို့  ကမ်းလှမ်းထားတာဖြစ်ပြီး ဘယ်ကစားသမားကို ခေါ်ယူချင်တယ်ဆိုတာကိုတော့ အတိအကျပြောခြင်း မရှိသေးဘူးလို့ ရန်ကုန်အသင်းမန်နေဂျာ ဦးမြင့်သိန်းက ပြောထားပါတယ်။

  ပြီးခဲ့တဲ့ရာသီက အငှားနဲ့သွားရောက်ကစားခဲ့တဲ့ ရန်ကုန်အသင်း တိုက်စစ်မှူး ကောင်းဆက်နိုင် ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် မြန်မာကစားသမားတွေကို ထပ်မံခေါ်ယူလိုတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ မြန်မာ့လက်ရွေးစင်အသင်း  တိုက်စစ်မှူး ကောင်းဆက်နိုင်ဟာ  ပြီးခဲ့သည့်ရာသီက ဆာမက်ဆာခွန်အသင်းမှာ ခုနစ်လကြာ သွားရောက်ကစားပြီး  အသင်းကို ထိုင်းလိဂ်-၂ ချန်ပီယံရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်အသင်း တိုက်စစ်မှူး ကျော်ကိုကိုနှင့် ရတနာပုံအသင်း တိုက်စစ်မှူးအောင်သူကို ခေါ်ယူဖို့ ထိုင်းကလပ်တွေက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ