Local: ဂျပန်နိုင်ငံက လက်ဝှေ့ပွဲမှာ ထွန်းထွန်းမင်းအနိုင်ရ

တူးတူးနဲ့ စိုးလင်းဦးတို့ပွဲစဉ်ဟာလည်း အကြိတ်အနယ်ရှိခဲ့ပါတယ်။

play

 

ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှာ ထွန်းထွန်းမင်းဟာ  သြစတြေးလျနိုင်ငံသား မွေထိုင်းချန်ပီယံဟောင်း အဒမ်ကို အလဲထိုးနဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

 အောက်တိုဘာ ၂၇ ရက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ အဆိုပါပွဲမှာ  မြန်မာပြည်ချန်ပီယံထွန်းထွန်းမင်းဟာ မွေထိုင်းချန်ပီယံဟောင်းအဒမ်ကို အသာစီး ထိုးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။  ဒုတိယအချီမှာ ထွန်းထွန်းမင်းရဲ့ လက်သီးချက်ကြောင့် အဒမ် မျက်ခုံးကွဲ ဒဏ်ရာရရှိခဲ့ပြီး ပဉ္စမအချီမှာ အလဲထိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အခြားတွဲဆိုင်းဖြစ်တဲ့ တူးတူးနဲ့ စိုးလင်းဦးတို့ပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပြီး တူးတူးက အနည်းငယ် အသာစီးရရှိခဲ့ပေမဲ့ အလဲထိုးနိုင်ခြင်းမရှိဘဲ ပူးတွဲသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ သားအသည်းတစ်ပွင့်နဲ့ ကြယ်စင်ဖြိုး၊ စောထူးအောင်နဲ့ ထွန်းလွင်မိုးတို့ ပွဲစဉ်တွေဟာလည်း  အကြိတ်အနယ်ရှိခဲ့ပေမဲ့ ပူးတွဲသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။

အဆိုပါပွဲတွေကို မြန်မာမီဒီယာဂရု(ပ်)နဲ့ ဂျပန်အခြေစိုက် Zero-1 Enter-tainment တို့ ပူးပေါင်းစီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos: မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ