Local: မြန်မာအသင်းပါဝင်မယ့် ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်မဲခွဲပွဲ ယူအေအီးမှာလုပ်မယ်

, updated

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပြုလုပ်သွားမှာပါ။

play

 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ၀င်ရောက်ယှဉ်ပြိုင်မယ့် ၂၀၁၉ အာရှဖလားဝင်ခွင့် တတိယအဆင့် ခြေစစ်ပွဲတွေအတွက် တရားဝင်မဲခွဲပွဲကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ယူအေအီးနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းက ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုမှာ အဆင့် (၄) နေရာ ရရှိခဲ့လို့ ခြေစစ်ပွဲကစားရမယ့် (၂၄) သင်းစာရင်းမှာ ပါဝင်လာခဲ့ကာ တတိယအဆင့်ခြေစစ်ပွဲတွေကစားရမယ့် အသင်း ၂၄ သင်းစာရင်းကို AFC က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

play

 

တတိယအဆင့်ကစားမယ့် (၂၄) သင်းထဲက (၁၂) သင်းမှာ နောက်ဆုံးအဆင့်ကို တက်ရောက်ကစားခွင့်ရမှာဖြစ်ပြီး နောက်ဆုံးအဆင့်ကို တက်ရောက်ခွင့် ရရှိထားတဲ့ အသင်း (၁၂) သင်းနဲ့ ပေါင်းကာ AFC Asian Cup 2019  နောက်ဆုံးအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။

ဒီခြေစစ်ပွဲကို မြန်မာအသင်းအပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေလည်း ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Source & Photo : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ