Local: အာဆီယံ ကလပ်အသင်းတွေနဲ့ ရှမ်းယူနိုက်တက် ခြေစမ်းမယ်

ဒီလိုမှမဟုတ်ရင်လည်း ပြည်ပကလပ်တွေကိုဖိတ်ကာ ဒီမှာခြေစမ်းပွဲကစားမယ်လို့လည်း ပြောကြားပါတယ်။

play

 

ရှမ်း ယူနိုက်တက်အသင်းဟာ ၂၀၁၇ ရာသီအကြိုပြင်ဆင်မှုအဖြစ် အာဆီယံဒေသတွင်း ကလပ်အသင်းတွေနဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

 ရှမ်းယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံဖြစ်ဖို့ မျှော်မှန်းထားပြီး  ပြည်ပနိုင်ငံတွေမှာ ခြေစမ်းပွဲတွေ သွားကစားဖို့ စီစဉ်လျက်ရှိတာဖြစ်ကြောင်း အသင်းမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောကြားထားတာ ဖြစ်ပါတယ်။ ထိုင်းကိုတော့ သွားဖြစ်မှာမဟုတ်ဘဲ အာဆီယံဒေသတွင်းက နိုင်ငံတစ်ခုမှာ ခြေစမ်းပွဲ သုံးပွဲလောက်ကစားဖို့ရှိပြီး ဒီလိုမှမဟုတ်ရင်လည်း ပြည်ပကလပ်တွေကိုဖိတ်ကာ ဒီမှာခြေစမ်းပွဲကစားမယ်လို့လည်း ပြောကြားပါတယ်။

အပြောင်းအရွှေ့ကာလမှာလည်း လက်ရွေးစင်အဆင့် ကစားသမားသုံးဦး ထပ်မံခေါ်ယူမှာဖြစ်ပြီး လက်ရွေးစင်ကစားသမား မောင်မောင်လွင်ကို ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းပေမဲ့ ဟံသာဝတီအသင်းက ငြင်းပယ်ထားတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ