Local: အိမ်ကွင်းလက်ခံကျင်းပဖို့ စီစဉ်နေတဲ့ ရခိုင်ယူနိုက်တက်

ကျပ်သိန်းတစ်သောင်းကျော် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

play

 

မြန်မာလိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းက လာမယ့် ဘောလုံးရာသီမှာ အိမ်ကွင်းလက်ခံယှဉ်ပြိုင်နိုင်ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းက ပြောပါတယ်။

‘‘လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းရ မယ်။ တကယ်လို့များ လုံခြုံရေး အတွက် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းတာ အဆင်မပြေခဲ့ရင်တော့ ရန်ကုန် မှာပဲ အိမ်ကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာပါ’’လို့ ဦးဇော်မင်းသိန်းက ပြောပါတယ်။

play

 

ရခိုင်ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းအဖြစ်လက်ခံကျင်းပနိုင်ဖို့ စစ်တွေမြို့က ဝေသာလီအားကစားကွင်းကို ပြင်ဆင်မှုတွေလုပ်နေပြီး အိမ်ကွင်းလက်ခံကျင်းပနိုင်ဖို့  လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

၂၀၁၇ ဘောလုံးရာသီအတွက် အိမ်ကွင်းပြင်ဆင်တာတွေအပါအဝင် အထွေထွေအသုံးစရိတ်အတွက် ကျပ်သိန်းတစ်သောင်းကျော် အသုံးပြုသွားမယ်လို့ အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းက ပြောထားပါတယ်။

Source : 7DayDaily

Photos : Themnl

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ