Local: AYA BANK U19 CUP 2016 ပွဲစဉ်ဇယား ထုတ်ပြန်

၂၀၁၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုပြင်ဆင်တဲ့အနေနဲ့ ကျင်းပတာဖြစ်ပါတယ်။

play

 

လေးနိုင်ငံ ပါဝင်ယှဉ်ပြိုင်မယ့်  AYA BANK U19 CUP 2016 နိုင်ငံတကာဘောလုံးပြိုင်ပွဲတစ်ရပ်ကို သြဂုတ်လ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ ဘောလုံးကွင်းမှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကို အိမ်ရှင် မြန်မာ ယူ-၁၉၊ ထိုင်း ယူ-၁၉၊ ဗီယက်နမ် ယူ-၁၉ နဲ့ ဂျေလိပ်က ဆာပေါ်ရို ယူ-၁၈ ကလပ်တို့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းက လာမယ့် စက်တင်ဘာလထဲမှာကျင်းပမယ့်  ၂၀၁၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုပြင်ဆင်တဲ့အနေနဲ့ ကျင်းပတာဖြစ်ပါတယ်။

play

 

မြန်မာ ယူ-၁၉ အသင်းက သြဂုတ်လ ၂၂ ရက်မှာ ဂျေလိဂ်ကလပ် ဆာပေါ်ရို ယူ-၁၈ အသင်း၊ သြဂုတ်လ ၂၄ ရက်နေ့မှာ ဗီယက်နမ်အသင်းနဲ့ သြဂုတ်လ ၂၆ ရက်တွေမှာ ထိုင်း ယူ-၁၉ အသင်းတို့နဲ့ ပတ်လည်ယှဉ်ပြိုင်ကစားရမှာပါ။ သြဂုတ်လ ၂၈ ရက်မှာ အုပ်စုအဆင့်တစ်နဲ့ နှစ်တွေက ဗိုလ်လုပွဲကစားရမှာဖြစ်ပြီး ကျန်နှစ်သင်းက တတိယလုပွဲကစားရမှာဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ချန်ပီယံအသင်းကို ဆုဖလား၊ ဆုတံဆိပ်နဲ့ ကန်ဒေါ်လာ ၁၅၀၀၀၊ ဒုတိယဆုရ အသင်းကို ဆုတံဆိပ်နဲ့ ကန်ဒေါ်လာ ၁၀၀၀၀၊ တတိယဆုရ အသင်းကို  ဆုတံဆိပ်နဲ့ ကန်ဒေါ်လာ ၅၀၀၀ ချီးမြှင့်သွားမှာဖြစ်ပြီး လက်မှတ်ရောင်းချမယ့် အစီအစဉ်ကို ဆက်လက် ထုတ်ပြန် ပေးသွားမယ်လို့ သိရပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ