Local: Lethwei GP in Japan 2016 မှာ ထွန်းထွန်းမင်းနဲ့ သြစတြေးလျ လက်ဝှေ့သမား ထိုးသတ်မယ်

ဒီနေ့ညနေပိုင်းမှာ ထိုးသတ်သွားမှာပါ။

play


ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ကိုရာကူရမ်ခန်းမမှာ ဒီနေ့ညနေပိုင်းမှာ ကျင်းပမယ့်  Lethwei GP in Japan 2016 ပြိုင်ပွဲမှာ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနဲ့ သြစတြေးလျ လက်ဝှေ့သမား အဒမ်တို့ ထိုးသတ်သွားမယ်လို့ သိရပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ စည်းကမ်းတွေအတိုင်း ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပမယ့် ဒီပြိုင်ပွဲမှာ ထွန်းထွန်းမင်းနဲ့ အဒမ်(သြစတြေးလျ)၊ တူးတူးနဲ့ စိုးလင်းဦး၊ အသားသည်းတပွင့်နဲ့ ကြယ်စင်ဖြိုး၊ ထွန်းလွင်မိုးနဲ့ စောထူးအောင်၊ စောအယ်လေးနဲ့ စောထူးဇော်၊ မိုက်ရိုင်းနဲ့ နိုင်ငံခြားသားလက်ဝှေ့သမားတစ်ဦးတို့  ယှဉ်ပြိုင် ထိုးသတ်ကြမယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Ways of Samurai နိုင်ငံတကာ ကိုယ်ခံပညာပြိုင်ပွဲမှာ မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ ပြိုင်ပွဲစည်းကမ်းအရ ကွန်ဂိုနိုင်ငံသားကို အရှုံးပေးခဲ့ရတယ်လို့ ဆိုပါတယ်။

Source & Photo : DVB

ထွန်းထွန်းမင်းနဲ့ အဒမ် ဘယ်သူနိုင်မလဲ»

  • 100,0% ထွန်းထွန်းမင်း
  • 0,0% အဒမ်
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ