Local: တရုတ်မှာလုပ်မယ့် MMA ပွဲ အောင်လအန်ဆန် ပါမယ်

အောင်လအန်ဆန်ဟာ ၂၆ ပွဲယှဉ်ပြိုင်ထားပြီး ၁၇ ပွဲနိုင်ကာ ၉ ပွဲရှုံးထားပါတယ်။

play

 

တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် MMA ပြိုင်ပွဲမှာ အောင်လအန်ဆန်ပါဝင်မယ်လို့ သိရပါတယ်။

 ဇူလိုင် ၂ ရက်နေ့မှာ ကျင်းပမယ့် MMA ပြိုင်ပွဲမှာ အောင်လအန်ဆန်ဟာ ရုရှားနိုင်ငံသား ဘူဒိုရင်နဲ့ယှဉ်ပြိုင်မှာဖြစ်ပြီး အခုပွဲအနိုင်ရရင် ကမ္ဘာ့ချန်ပီယံ လုပွဲကို ယှဉ်ပြိုင်ခွင့်ရဖို့ အခြေအနေကောင်းတယ်လို့ သိရပါတယ်။ မစ်ဒယ်ဝိတ်တန်းမှာ အောင်လအန်ဆန်ဟာ ၂၆ ပွဲယှဉ်ပြိုင်ထားပြီး ၁၇ ပွဲနိုင်ကာ ၉ ပွဲရှုံးထားပါတယ်။ တရုတ်နိုင်ငံမှာ ကျင်းပမယ့် MMA ပြိုင်ပွဲမှာ တွဲဆိုင်း ဆယ်ဆိုင်း ပါဝင်မှာ ဖြစ်ပြီး အဓိကတွဲဆိုင်းဟာ မွန်ဂိုလီးယားနိုင်ငံသား ဂျာဒမ်ဘာနှင့် ဖိလစ်ပိုင်နိုင်ငံသား ကယ်လီတို့ ယှဉ်ပြိုင်ကြမယ့်ပွဲဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီးတွဲဆိုင်းလည်း ပါဝင်မှာ ဖြစ်ပြီး  ဖလိုင်းဝိတ်တန်းမှာ မလေးရှားနိုင်ငံသူ အိုစမန်နဲ့ ဆီးရီးယားနိုင်ငံသူ ဖာရက်ခ်ျတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos : One Championship

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ