Local: ရန်ကုန်မှာ လုပ်မယ့် MMA ပွဲမှာ အောင်လအန်ဆန်နဲ့ ပိုလန်နိုင်ငံသား ယှဉ်ပြိုင်မယ်

ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနာ့ခ်ဟာ ၁၁ ပွဲကစားရာမှာ တစ်ပွဲသာရှုံးထားပြီး ၁၀ ပွဲဆက် အနိုင်ရထားပါတယ်။

play

 

 ရန်ကုန်မှာ ကျင်းပမယ့် One  Championship (MMA) ပြိုင်ပွဲမှာ ကချင်လူမျိုး အောင်လအန်ဆန်နဲ့ ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနာ့ခ်တို့ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

 မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် အောင်လအန်ဆန်နဲ့ ရုရှားနိုင်ငံသား Bigdash တို့ ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပေမဲ့  အဆိုပါတွဲဆိုင်းမှာ မဖြစ်တာကြောင့် ပိုလန်နိုင်ငံသားနဲ့ ပြောင်းလဲယှဉ်ပြိုင်တာဖြစ်ကြောင်း ပွဲစီစဉ်သူ ဇေကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးဇေသီဟက ပြောထားတယ်လို့ သိရပါတယ်။

play

 

ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနာ့ခ်ဟာ အသက် (၃၂)နှစ်အရွယ်ရှိပြီး  MMA သက်တမ်းတစ်လျှောက် ၁၁ ပွဲ ယှဉ်ပြိုင်ရာမှာ အဖွင့်ပွဲတစ်ပွဲသာ ရှုံးနိမ့်ထားပြီး ၁၀ ပွဲဆက် အနိုင်ရရှိထားပါတယ်။

ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်လိုပြီး နောက်ထပ်လေးနှစ် ထိုးသတ်ပြီးပါက MMA လောကမှ အနားယူဖို့ စီစဉ်ထားတယ်လို့ အောင်လအန်ဆန်က ပြောထားပါတယ်။

 Source: 7Day Daily

Photos : Aung La Nsang(Burmese Python) Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ