Local: ရန်ကုန်မှာ ကျင်းပမယ့် MMA ပွဲမှာ ရိုးရာလက်ဝှေ့သမား ၄ ယောက်ပါမယ်

အောက်တိုဘာ ၇ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။

play

ရန်ကုန်မြို့မှာ ကျင်းပမယ့် One Championship (MMA) ပြိုင်ပွဲမှာ မြန်မာရိုးရာလက်ဝှေ့သမားလေးဦး ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

  မြန်မာရိုးရာလက်ဝှေ့သမားတွေဖြစ်တဲ့ စောရန်ပိုင်နဲ့ ရဲရင့်အောင်၊ ဖိုးသော်နဲ့ ကပ္ပလီတို့ဟာ  MMA စည်းမျဉ်းအတိုင်း  အကြိုဗိုလ်လုပွဲအဆင့်ကနေ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိသူနှစ်ဦးဟာ ဗိုလ်လုပွဲ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

အဆိုပါပြိုင်ပွဲကို   ရန်ကုန်မြို့အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှာ  အောက်တိုဘာ ၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းမှာ  ကချင်တိုင်းရင်းသား အောင်လအန်ဆန်နဲ့ ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနာ့ခ်တို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီ ယံလုပွဲအဖြစ် ဂျပန်နိုင်ငံသား ယိုရှိတာကာနဲ့ စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံသား ပါစီယိုတို့လည်း ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

 Source: 7Day Daily
Photos : Photos : Aung La Nsang(Burmese Python) Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ