Local: မြန်မာ့လက်ရွေးစင်အသင်းရဲ့ ခြေစမ်းပွဲတွေကို MRTV ကနေ တိုက်ရိုက်ပြမယ်

အင်ဒိုနီးရှား၊ အိုမန်အသင်းတွေနဲ့ ခြေစမ်းပွဲကစားမှာပါ။

play

 

နိုဝင်ဘာလ ၁၉ ရက်မှာ ကျင်းပမယ့် အာဆီယံဆူဇူကီးဖလာပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွေကိုလက်ခံကျင်းပမယ့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းရဲ့ အကြိုခြေစမ်းပွဲတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ အိုမန်အသင်းတွေနဲ့ ခြေစမ်းပွဲတွေကို မြန်မာ့ရုပ်မြင်သံကြား (MRTV) ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

play

 

နိုဝင်ဘာ ၄ ရက်နဲ့ ၁၄ ရက်မှာ ရန်ကုန်မြို့သုဝဏ္ဏကွင်းမှာ ကျင်းပသွားမယ့် ဒီခြေစမ်းပွဲတွေကို MRTV-4 က ရိုက်ကူးမှာဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြား (MRTV) ကနေ တိုက်ရိုက်ပြသသွားမယ်လို့ ဆိုပါတယ်။

မြန်မာအသင်းက နိုဝင်ဘာ ၄ ရက် ညနေ ၅း၀၀ နာရီမှာ အင်ဒိုနီးရှားလက်ရွေးစင်အသင်း၊ နိုဝင်ဘာ ၁၄ ရက် ညနေ ၅း၀၀ နာရီမှာ အိုမန်လက်ရွေးစင်အသင်းတွေနဲ့  ခြေစမ်းပွဲတွေ ကစားသွားမှာဖြစ်ပြီး ကွင်းဝင်ကြေးအနေနဲ့ အထူးတန်း ၃၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ