Sports: မြန်မာလက်ရွေးစင်အသင်း Merlion Cup ယှဉ်ပြိုင်မည်

(၈) ကြိမ်မြောက် Merlion Cup နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်အသင်းမှ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

play

 

၂၀၁၆ ခုနှစ် ၊ ဇန်န၀ါရီလ (၂၉) ရက်နေ့မှ (၃၁) ရက်နေ့အထိ စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည့် (၈) ကြိမ်မြောက် Merlion Cup နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်အသင်းမှ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံရှိ အမျိုးသားအားကစားကွင်း၌ ကျင်းပပြုလုပ်မည့် အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်စင်္ကာပူလက်ရွေးစင်အသင်း၊ မြန်မာလက်ရွေးစင် အသင်း၊ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းဂရင်းလန်းရှင်ဟွာ အသင်း နှင့် ဂျပန်ဂျေလိဂ်ကလပ် ယိုကို ဟားမားမာရီနို့စ်အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထို့အပြင်နာမည်ကြီး ကစားသမားများဖြစ်သည့် တင်မ်ကာဟေး၊ ဒမ်ဘာဘား ၊ မိုဟာမက်ဆစ်ဆိုကို၊ နာကာမူရာ၊ နာကာဇာဝါ အစရှိသည့် နာမည်ကျော် ကစားသမားများ ပါဝင်လာမည်ဖြစ်သည်။

play

 

Merlion Cup ပြိုင်ပွဲကို ၁၉၈၂ မှ ၁၉၈၆ အထိ နှစ်စဉ်ကျင်းပခဲ့ကာ (၅)နှစ်အကြာတွင်ရပ်နားခဲ့ပြီး ၁၉၉၂ နှင့် ၂၀၀၉ တွင် ပြန်လည်ကျင်းပခဲ့သည်။ ယခုနှစ်ပြိုင်ပွဲကို စင်ကာပူ ဘောလုံးအဖွဲ့ချုပ် (FAS) နှင့် MP & Silva ကုမ္ပဏီတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

Photo: www.todayonline.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ