Sports: စင်္ကာပူ ဖိတ်ခေါ် Merlion Cup ပြိုင်ပွဲအား ရွှေ့ဆိုင်း

ဂျလန်ဘီဆာကွင်းတွင် ပြောင်းရွှေ့ကစားရန် ပြိုင်ပွဲစီစဉ်သူများက ဆက်လက်စီစဉ်ခဲ့ရာ အခြားပြိုင်ပွဲဝင်များဖြစ်သည့် တရုတ်နှင် ဂျပန်မှ ကလပ်အသင်းအချို့မှ ကစားရန် ငြင်းဆန်မှုကြောင့် ပြိုင်ပွဲအား ဆက်လက် ကျင်းပနိုင်ခြင်း မရှိဘဲ ခေတ္တရက်ရွှေ့သွားမည်ဖြစ်သည်။

play

 

၂၀၁၆ ခုနှစ် ၊ ဇန်န၀ါရီလ အတွင်းတွင် စင်ကာပူ အမျိုးသား အားကစားကွင်းတွင် ကျင်းပရန် လျာထားသည့် သော်လည်း Merlion Cup ဖိတ်ခေါ်ပြိုင်ပွဲသည် ပြိုင်ပွဲကျင်းပမည့် ကွင်းအခက်အခဲကြောင့် ရက်ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

play

 

မူလက စင်ကာပူ အမျိုးသား အားကစားကွင်းတွင် ကျင်းပရန် လျာထားသော်လည်း အဆင်ပြေမှု မရှိခဲ့သဖြင့် ဂျလန်ဘီဆာကွင်းတွင် ပြောင်းရွှေ့ကစားရန် ပြိုင်ပွဲစီစဉ်သူများက ဆက်လက်စီစဉ်ခဲ့ရာ အခြားပြိုင်ပွဲဝင်များဖြစ်သည့် တရုတ်နှင် ဂျပန်မှ ကလပ်အသင်းအချို့မှ ကစားရန် ငြင်းဆန်မှုကြောင့် ပြိုင်ပွဲအား ဆက်လက် ကျင်းပနိုင်ခြင်း မရှိပဲ ပြိုင်ပွဲအား ခေတ္တရက်ရွှေ့သွားမည်ဖြစ်သည်။

play

 

အဆိုပါပြိုင်ပွဲအား စီစဉ်သူများမှ စင်ကာပူနိုင်ငံတွင် မဟုတ်ဘဲ မြန်မာ (သို့မဟုတ်) အခြား အာဆီယံနိုင်ငံတစ်ခုတွင် ပြိုင်ပွဲကျင်းပရန်လည်း ဆန္ဒရှိနေကြောင်းနှင့် ပြန်လည်ကျင်းပမည့် အချိန်ကာလသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၊ ဆူဇူကီးဖလားပြိုင်ပွဲတို့အား ထိခိုက်မှု မရှိပါက မြန်မာဘောလုံးအဖွဲ့အချုပ်အနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းကို စေလွတ် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး အကယ်၍ ညှိနှိုင်းမှုများ အဆင်မပြေပါက ပြိုင်ပွဲဝင်ရောက် ကစားမည် မဟုတ်ကြောင်း သိရသည်။

Source: MFF Facebook

Photo: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ