Sports: MIC ဖူဆယ်ကလပ် ပြိုင်ပွဲတွင် တတိယဆုရရှိ

အုပ်စုတွင်း (၄)ပွဲကစားခဲ့ရာ (၃)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ် (၃)မှတ်ဖြင့် အဆင့် (၄)နေရာ၌ ရပ်တည်နိုင်ခဲ့ပြီး တတိယနေရာလုပွဲ အဖြစ် သြစတြေးလျကလပ်အသင်းနှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

play

 

၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ (၂၃) ရက်မှ (၃ဝ) ရက်ထိ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၁၅ အာဆီယံဖူဆယ် ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာဖူဆယ်ကလပ် MIC အမျိုးသားအသင်းသည် သြစတြေးလျကလပ် East Coast Heat အသင်းကို ၄-၂ ဂိုး ဖြင့် အနိုင်ရရှိပြီး တတိယဆုရရှိခဲ့သည်။

play

 

MIC အသင်းသည် အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုတွင်း (၄)ပွဲကစားခဲ့ရာ (၃)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ် (၃)မှတ်ဖြင့် အဆင့် (၄)နေရာ၌ ရပ်တည်နိုင်ခဲ့ပြီး တတိယနေရာလုပွဲ အဖြစ် သြစတြေးလျကလပ်အသင်းနှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြု ACE အမျိုးသမီး ဖူဆယ်အသင်းမှာမူ အုပ်စုတွင်း (၄)ပွဲကစား (၄)ပွဲရှုံးခဲ့သဖြင့် အုပ်စုနောက်ဆုံး၌သာ ရပ်တည်နိုင်ခဲ့သည်။

Photo: www.aseanfootball.org

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ