လာမယ့်မတ်လအတွင်း မြန်မာနိုင်ငံမှာ ကျင်းပသွားမယ့် One Championship ပြိုင်ပွဲမှာ ကချင်တိုင်းရင်းသား အောင်လအန်ဆန်း လာရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ အောင်လအန်ဆန်းက အမေရိကန်နိုင်ငံသား ဖြစ်ပြီး MMA လက်ဝှေ့လောကရဲ့ လက်ဝှေ့သမား တစ်ဦး ဖြစ်ပါတယ်။
ပြိုင်ပွဲကို မတ်လ (၁၇) ရက် သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အောင်လအန်ဆိုင်းသည် လက်ရှိ MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံတစ်ဦးဖြစ်ပြီး ပထမကြိမ် One Championship ပြိုင်ပွဲကတည်းက လာရောက်ယှဉ်ပြိုင်ရန် စီစဉ်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အောင်လအန်ဆန်းရဲ့ ပြိုင်ဘက် ဘယ်သူဖြစ်မလဲဆိုတာကို မရွေးချယ်ရသေးဘူးလို့ ပြိုင်ပွဲရဲ့ တာဝန်ရှိသူက ပြောထားကြောင့် 7daydaily.com မှာ ဖော်ပြထားပါတယ်။
အောင်လန်အန်ဆန်းဟာ အမေရိကန်ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံလည်း ဖြစ်ပါတယ်။
Source : 7daydaily
Photos: aunglansang.com,shwedarlin