Other Sports: မက်ဒရစ်အိုးပင်း ချန်ပီယံဆု ဂျိုကိုဗစ် ရရှိ

ဂျိုကိုဗစ်ဟာ မာစတာအဆင့် ပြိုင်ပွဲတွေမှာ ၂၉ ကြိမ်မြောက် ဆုဖလားဆွတ်ခူးနိုင်တဲ့ စံချိန်သစ်လည်း တင်နိုင်ခဲ့ပါတယ်။

play


စပိန်မှာ ကျင်းပတဲ့ မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ နိုဗက်ခ် ဂျိုကိုဗစ်က လက်ရှိ ချန်ပီယံ အန်ဒီ မာရေးကို ၆-၂၊ ၃-၆၊ ၆-၃ ဖြင့် အနိုင်ယူပြီး ချန်ပီယံဆု ဆွတ်ခူးသွားပါတယ်။

play


တနင်္ဂနွေနေ့ (မေလ ၈ ရက်) ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ မက်ဒရစ်အိုးပင်းမှာ ချန်ပီယံဆု ရရှိခဲ့ပြီးနောက် ဂျိုကိုဗစ်ဟာ မာစတာအဆင့် ပြိုင်ပွဲတွေမှာ ၂၉ ကြိမ်မြောက် ဆုဖလားဆွတ်ခူးနိုင်တဲ့ တင်းနစ် ကစားသမားအဖြစ်လည်း စံချိန်သစ်လည်း တင်နိုင်ခဲ့ပါတယ်။

play


ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ၂၀၁၆ ခုနှစ်အတွင်း ၎င်းအတွက် ၅ ကြိမ်မြောက် ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

play


၂၀၁၆ ခုနှစ်အတွင်း ကာတာအိုးပင်း၊ အိန္ဒိယန်းဝဲလ်စ်၊ မီယာမီအိုးပင်းနဲ့ သြစတြေးလျအိုးပင်း ချန်ပီယံဆုတွေကိုလည်း ဂျိုကိုဗစ်က ရယူထားနိုင်ခဲ့ပါတယ်။ သြစတြေးလျအိုးပင်း ဗိုလ်လုပွဲမှာလည်း မာရေးကို အနိုင်ယူပြီး ဂျိုကိုဗစ်က ချန်ပီယံဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

play


မက်ဒရစ်အိုးပင်းမှာ ရှုံးနိမ့်ခဲ့မှုကြောင့် မာရေးဟာ ၎င်းရဲ့ ကမ္ဘာ့အဆင့် နံပါတ် ၂ နေရာကို ရော်ဂျာ ဖက်ဒရာထံ လွှဲပေးရမှာ ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ