Other Sports: အီတလီအိုးပင်းမှာ မာရေးနဲ့ ဆရီနာ ဝီလျံ ချန်ပီယံဆု ဆွတ်ခူး

ဗြိတိန်တင်းနစ် ကစားသမား အန်ဒီမာရေးနဲ့ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံတို့က အီတလီအိုးပင်း ချန်ပီယံဆုဖလား ဆွတ်ခူးသွားခဲ့ပါတယ်။

play


အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဗြိတိန်တင်းနစ် ကစားသမား အန်ဒီမာရေးနဲ့ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံတို့ ဗိုလ်စွဲပြီး ချန်ပီယံဆုဖလား ဆွတ်ခူးသွားခဲ့ပါတယ်။

play


တနင်္ဂနွေနေ့ (မေလ ၁၅ ရက်) မှာ ကျင်းပခဲ့တဲ့ အီတလီအိုးပင်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ အန်ဒီမာရေးက နိုဗက်ခ်ဂျိုကိုဗစ်ကို ၆-၃၊ ၆-၃ ဖြင့် ပွဲငယ်နှစ်ပွဲပြတ် အနိုင်ရရှိကာ ဆုဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။

play


တနင်္ဂနွေနေ့မှာ အသက် ၂၉ နှစ်ပြည့်တဲ့ မာရေးအတွက် အီတလီအိုးပင်း ဆုဖလားက မွေးနေ့လက်ဆောင်ပမာလည်း ဖြစ်လာခဲ့ပါတယ်။ မာရေးနဲ့ ဂျိုကိုဗစ်တို့ရဲ့ အီတလီအိုးပင်း ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားမှုဟာ ၁ နာရီနဲ့ ၃၅ မိနစ် ကြာမြင့်ခဲ့ပါတယ်။

play


အီတလီအိုးပင်းရဲ့ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ ဆရီနာဝီလျံက မက်ဒီဆန်ကီးစ်ကို ၇-၆၊ ၆-၃ ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

play


ယခု ဆုဖလားဟာ ကမ္ဘာ့အဆင့်တစ် အမျိုးသမီးတင်းနစ်မယ် ဆရီနာအတွက် လေးကြိမ်မြောက် အီတလီအိုးပင်း ဆုဖလား ဆွတ်ခူးနိုင်တာလည်း ဖြစ်ပါတယ်။ ဆရီနာနဲ့ မက်ဒီဆန်ကီးစ်တိုရဲ့ အီတလီအိုးပင်း ဗိုလ်လုပွဲစဉ်ဟာ ၁ နာရီနဲ့ ၂၄ မိနစ် ကြာမြင့်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ