Other Sports: ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို ရွေးကောက်ပွဲ အနိုင်ရ

, updated

ပက်ကွီအိုက မူးယစ်ဆေးဝါးမှုနဲ့ ကြီးမားတဲ့ ရာဇဝတ်ပြစ်မှု ကျူးလွန်သူတွေကို သေဒဏ်အပြစ်ပေးမှု ပြန်လည် ကျင့်သုံးမယ့် အစီအစဉ်ကို ထောက်ခံကြောင်းလည်း ဆိုပါတယ်။

play


ဖိလစ်ပိုင်လွှတ်တော် ရွေးကောက်ပွဲမှာ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီ ပက်ကွီအို အနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ယနေ့ (မေလ ၁၉ ရက်) ထုတ်ပြန်ကြေညာပါတယ်။ ရွေးကောက်ပွဲအနိုင်ရှိခဲ့တဲ့ ပက်ကွီအိုဟာ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ၁၂ ဦးထဲမှာ ပါဝင်လာခဲ့ပါတယ်။ ပက်ကွီအိုဟာ လွှတ်တော်အမတ်အဖြစ် သက်တမ်းနှစ်ကြိမ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မေလ ၉ ရက်က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ဖိလစ်ပိုင် လူဦးရေ ၅၅ သန်းအနက် ၈၀ ရာခိုင်နှုန်းခန့်က သမ္မတ၊ ဒုတိယသမ္မတ၊ အထက်လွှတ်တော်အမတ် ၁၂ ဦး၊ အောက်လွှတ်တော်အမတ် ၂၀၀ နဲ့ ဒေသဆိုင်ရာ အရာရှိ ၁၈,၀၀၀ တို့ကို ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

play
ပက်ကွီအိုနှင့် ဖိလစ်ပိုင်သမ္မတသစ် ဒူတာတီ


အသက် ၃၇ နှစ်အရွယ် လွှတ်တော်အမတ် လက်ဝှေ့ကျော် ပက်ကွီအိုက အခမဲ့ ပညာသင်ကြားရေးစနစ်ကို တွန်းအာပေး ဆောင်ရွက်စေမယ်လို့ ပြောပါတယ်။ ပက်ကွီအိုက မူးယစ်ဆေးဝါးမှုနဲ့ ကြီးမားတဲ့ ရာဇဝတ်ပြစ်မှု ကျူးလွန်သူတွေကို သေဒဏ်အပြစ်ပေးမှု ပြန်လည် ကျင့်သုံးမယ့် အစီအစဉ်ကို ထောက်ခံကြောင်းလည်း ဆိုပါတယ်။

မေလ ၉ ရက် ရွေးကောက်ပွဲမှာ ဖိလစ်ပိုင်သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ရော့ဒ်ရီဂို ဒူတာတီကလည်း ၂၀၀၆ ခုနှစ်မှာ ရုပ်သိမ်းခဲ့တဲ့ သေဒဏ်ချမှတ်မှု ပြစ်ဒဏ်ကို ပြန်လည် ကျင့်သုံးရန် လွှတ်တော်မှာ တင်သွင်းသွားမယ်လို့ ပြောထားပါတယ်။
Source & Photo: Reuters, PhilStar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ