Other Sports: ကမ္ဘာ့အမြင့်ဆုံးပြေးလမ်း မာရသွန်ပြိုင်ပွဲမှာ နီပေါစစ်သား အနိုင်ရဗိုလ်စွဲ

နှစ်စဉ်ကျင်းပပြုလုပ်တဲ့ တန်ဇင်းဟီလာရီ ဧဝရတ်မာရသွန်ပြိုင်ပွဲကို ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

play


ကမ္ဘာ့အမြင့်ဆုံးပြေးလမ်း မာရသွန်ပြိုင်ပွဲအဖြစ် မေလ ၂၉ ရက်က ဧဝရတ်တောင်ခြေမှာ ပြုလုပ်ခဲ့တဲ့ အပြေးပြိုင်ပွဲမှာ နီပေါစစ်သား Bed Bahadur Sunuwar ဘတ်ဗဟာဒူးဆွန်နူဝါက ပထမနေရာမှ ပန်းဝင်ဗိုလ်စွဲခဲ့ပါတယ်။

play


နှစ်စဉ်ကျင်းပပြုလုပ်တဲ့ တန်ဇင်းဟီလာရီ ဧဝရတ်မာရသွန်ပြိုင်ပွဲကို ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

play


ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို တန်ဇင်းနော်ဂေးနဲ့ အက်ဒ်မွန် ဟီလာရီ အမည်ရှိ တောင်တက်သမားနှစ်ဦး ပထဆုံးအကြိမ် တက်ရောက်နိုင်ခဲ့မှု နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အဆိုပါ မာရသွန်ပြိုင်ပွဲကို ပြုလုပ်ခြင်းဖြစ်ပါတယ်။

play


တန်ဇင်းနဲ့ ဟီလာရီတို့ဟာ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို ၁၉၅၃ ခုနှစ် မေလ ၂၉ ရက်မှာ ခြေချရောက်ရှိနိုင်ခဲ့ပါတယ်။

play


ဧဝရတ်တောင်ထိပ် မာရသွန်ပြိုင်ပွဲဝင် အပြေးသမားတွေဟာ ဒေသစံတော်ချိန် နံနက် ၇ နာရီမှာ အမြင့်ပေ ၁၇,၅၉၈ ပေရှိ ဧဝရတ်တောင်ခြေစခန်းမှ စတင်တာထွက်ခဲ့ပြီး နမ်ချီဘဇာမြို့ငယ်လေးမှာ သတ်မှတ်ထားတဲ့ ပန်းတိုင်ကို အရောက်ပြေးရတာ ဖြစ်ပါတယ်။

play


ကမ္ဘာ့အမြင့်ဆုံးပြေးလမ်း မာရသွန်ပြိုင်ပွဲကို အမေရိကန်၊ ဗြိတိန်၊ တရုတ်နဲ့ သြစတြေးလျးမှ နိုင်ငံခြားသား အပြေးသမား ၁၃၀ နဲ့ နီပေါနိုင်ငံမှ အပြေးသမား ၃၀ တို့ ပါဝင်ခဲ့ကြပါတယ်။

play


နီပေါလူမျိုး ဗဟာဒူးဆွန်နူဝါက နှင်းများဖုံးလွှမ်းနေတဲ့ ၂၆ မိုင် အကွာအဝေးရှိ တောင်ပေါ်ပြေးလမ်းခရီးကို ၄ နာရီ ၁၀ စက္ကန့်ဖြင့် ပန်းဝင်နိုင်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP, CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ