Other Sports: တင်းနစ်လောကမှာ ဆုကြေး ဒေါ်လာ သန်း ၁၀၀ ပြည့်တဲ့ ပထမဆုံး ကစားသမားက ဂျိုကိုဗစ် ဖြစ်လာ

ဂျိုကိုဗစ်က ဆုကြေး သန်းတစ်ရာပြည့်အောင် ရတဲ့ ပထမဆုံး တင်းနစ်ကစားသမားဖြစ်ပါတယ်။

play

 

ထိပ်ဆုံးအဆင့် သတ်မှတ်ခံထားရတဲ့ ဆားဘီးယားတင်းနစ်ကစားသမား ဂျုကိုဗစ်နဲ့ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံတို့နှစ်ဦးလုံး ပြိုင်ဘက်တွေကို အနိုင်ယူပြီးနောက် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

play

 

ဆရီနာဝီလျံက ယူကရိန်းပြိုင်ဘက် ဆဗီတိုလီနာကို ၆-၁၊ ၆-၁ နဲ့ အနိုင်ယူခဲ့ကာ ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဂျူကိုဗစ်ကတော့ စပိန်က ဘော့တစ္စတာကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပထမတစ်ပွဲမှာ ရှုံးခဲ့ကာ ၃-၆၊ ၆-၄၊ ၆-၁၊ ၅-၅ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

play

 

ထူးခြားမှုကတော့ ပြင်သစ်အိုးပင်းမှာ ပြိုင်ဘက် ဘော့တစ္စတာကိုအနိုင်ယူခဲ့တဲ့ ဂျိုကိုဗစ်က ဆုကြေး စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ ပြည့်သွားတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။ဒီပြိုင်ပွဲပြီးတဲ့နောက်မှာ ရတဲ့ ဆုကြေးငွေကိုပါ ပေါင်းလိုက်မယ်ဆိုရင် ဂျိုကိုဗစ်ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်လျှောက် ပထမဆုံး တင်းနစ်ကစားသမား ဖြစ်လာခဲ့တာပါ။

Source : CNN/ BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ