Other Sports: ပြင်သစ်အိုးပင်းမှာ ဂျိုကိုဗစ် ဆီမီးဖိုင်နယ်တက်ရောက်

ပြင်သစ်အိုးပင်းမှ ရာဖေးနာဒယ်လ် နုတ်ထွက်သွားခြင်းက ဂျိုကိုဗစ်အတွက် ယှဉ်ပြိုင်မှုမှာ ပိုမိုလွယ်ကူစေခဲ့ပါတယ်။

play


ကျင်းပပြုလုပ်နေတဲ့ ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ နိုဗက်ခ် ဂျိုကိုဗစ်က ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ယနေ့ (ဇွန် ၂ ရက်) ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား ဂျိုကိုဗစ်က တိုမတ်စ်ကို ၆-၃၊ ၇-၅၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

play


ပြင်သစ်အိုးပင်း ဆုဖလားကို ကိုးကြိမ်အထိ ရရှိထားတဲ့ ရာဖေးနာဒယ်လ် ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်မှာ နုတ်ထွက်သွားခြင်းက ဂျိုကိုဗစ်အတွက် ယှဉ်ပြိုင်မှုမှာ ပိုမိုလွယ်ကူစေခဲ့ပါတယ်။ ဆာဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ်မှာ သြစတြီးယားမှ ဒိုမီနစ်သီယမ်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ဇွန်လ ၃ ရက် မြန်မာစံတော်ချိန် ညနေ ၅း၃၀ မှာ ယှဉ်ပြိင်ကစားမယ်လို့ သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ