Other Sports: ကြိုးဝိုင်းတဲ့ ပြန်ဝင်ဖို့ အချိန်ယူရဦးမယ့် ရွန်ဒါရူဆေး

သမိုင်းဝင်ရှုံးပွဲကို ရွန်ဒါရူဆေး ရခဲ့ပြီးတဲ့နောက် ကြိုးဝိုင်းထဲ တော်တော်နဲ့ ပြန်ဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

play

 

အမေရိကန် တိုက်ခိုက်ရေးမယ်ဖြစ်တဲ့ ရွန်ဒါရူဆေးဟာ ဒဏ်ရာခွဲစိပ်မှု ခံယူခဲ့ရတဲ့ အတွက်၂၀၁၆ ခုနှစ်တစ်နှစ်လုံး ပွဲထိုးသတ်နိုင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ထိုးသတ်ခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ပွဲဟိုလီဟွမ်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီးနောက် ဒဏ်ရာ အပြင်းအထန် ရခဲ့တာဖြစ်ပါတယ်။

play

 

သြစတြေးလျမှာ ထိုးသတ်တဲ့ အဲဒီပွဲစဉ်မှာ ရွန်ဒါရူဆေးက သူ့အတွက် ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမားဘဝ ပထမဆုံးအကြိမ် ရှုံးနိမ့်တဲ့ပွဲစဉ်လည်း ဖြစ်ပါတယ်။

play

 

ရွန်ဒါရူဆေး ပြန်ကစားနိုင်မယ်ဆိုရင်တောင်မှာ ၂၀၁၆ ဒီဇင်ဘာဟာ အစောဆုံးကာလဖြစ်မယ်လို့ UFC ပြိုင်ပွဲဥက္ကဌက ပြောခဲ့တာဖြစ်ပါတယ်။

play

 

ဒဏ်ရာခွဲစိပ်မှုက မကြီးမားပေမယ့် အရှင်းပျောက်တဲ့အထိ အနားယူရမှာဖြစ်လို့ ရွန်ဒါရူဆေးဟာ အစောဆုံး ၂၀၁၇ ဇန်နဝါရီလောက်မှ ကြိုးဝိုင်းထဲ ပြန်ဝင်နိုင်မယ်လို့ မီဒီယာတွေက ခန့်မှန်းထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ