Other Sports: ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဆရီနာနဲ့ မူဂူရူဇာ တွေ့ဆုံ

ဆရီနာနဲ့ မူဂရူဇာတို့ရဲ့ ပြင်သစ်အိုးပင်း ဗိုလ်လုပွဲစဉ်ကို ဇွန်လ ၄ ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

play


ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ယနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဆရီနီဝီလျံနဲ့ မူဂူရူဇာတို့က အသီးသီး အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ် ဆရီနာက ဘာတန်စစ်ကို ၇-၆၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပြီး စပိန်တင်းနစ်မယ် မူဂူရူဇာက စတိုဆာကို ၆-၂၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

play


အမေရိကန်တင်းနစ်မယ် ဆရီနာက ပြင်သစ်အိုးပင်း ချန်ပီယံဆုကို သုံးကြိမ်ရရှိထားပြီး လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။ စပိန်တင်းနစ်မယ် မူဂူရူဇာကတော့ ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ရရှိထားနိုင်ခြင်း မရှိသေးပါဘူး။ ဆရီနာနဲ့ မူဂရူဇာတို့ရဲ့ ပြင်သစ်အိုးပင်း ဗိုလ်လုပွဲစဉ်ကို ဇွန်လ ၄ ရက် (စနေနေ့) မြန်မာစံတော်ချိန် ည ၇း၃၀ မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
Source & Photo: Daly Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ