Other Sports: ပြင်သစ်အိုးပင်း ဗိုလ်လုပွဲမှာ ဂျိုကိုဗစ်နဲ့ မာရေး တွေ့ဆုံ

ပြင်သစ်အိုးပင်းမှာ ချန်ပီယံဆု ရရှိထားခြင်း မရှိသေးတဲ့ နာမည်ကြီး တင်းနစ်ကစားသမားနှစ်ဦး တွေ့ဆုံယှဉ်ပြိုင်ရမယ့် ဗိုလ်လုပွဲမှာ ပွဲကြီးပွဲကောင်း ဖြစ်လာနိုင်ပါတယ်။

play


ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ယနေ့ (ဇွန်လ ၃ ရက်) ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ နိုဗက်ခ် ဂျိုကိုဗစ်က ဒိုမီနစ်သီယမ်ကို ၆-၂၊ ၆-၁၊ ၆-၄ ဖြင့် သုံးပွဲပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။ ထို့အတူ ဗြိတိန် တင်းနစ်ကစားသမား အန်ဒီမာရေးကလည်း ဝေါရင်ကာကို ၆-၄၊ ၆-၂၊ ၄-၆၊ ၆-၂ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်ရောက်လာပါတယ်။

play


ကမ္ဘာ့အဆင့်သတ်မှတ်ချက် နံပါတ်တစ် ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ အခြား ဂရင်းဆလင်းပြိုင်ပွဲသုံးခုမှာ ချန်ပီယံဆုဖလားကို ရရှိထားပေမဲ့ ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။

play


ဂျိုကိုဗစ်ဟာ သြစတြေးလျအိုးပင်း ချန်ပီယံဆု ၆ ကြိမ်၊ ဝင်ဘယ်လ်ဒန် ချန်ပီယံဆု ၃ ကြိမ်၊ ယူအက်စ်အိုးပင်း ချန်ပီယံဆု ၂ ကြိမ်ဖြင့် စုစုပေါင်း ဂရင်းဆလင်း ချန်ပီယံဆု ၁၁ ကြိမ် ရရှိထားပါတယ်။ ကမ္ဘာ့အဆင့်သတ်မှတ်ချက် နံပါတ်နှစ်နေရာမှာ ရပ်တည်နေတဲ့ ဗြိတိန် တင်းနစ်ကစားသမား မာရေးမှာ ဝင်ဘယ်လ်ဒန် ချန်ပီယံဆုနဲ့ ယူအက်စ်အိုးပင်း ချန်ပီယံဆု တစ်ကြိမ်စီ ရရှိထားသူ ဖြစ်ပါတယ်။

play


ဂရင်းဆလင်းအဆင့် ပြိုင်ပွဲဖြစ်တဲ့ ပြင်သစ်အိုးပင်းမှာ ချန်ပီယံဆု ရရှိထားခြင်း မရှိသေးတဲ့ နာမည်ကြီး တင်းနစ်ကစားသမားနှစ်ဦး တွေ့ဆုံယှဉ်ပြိုင်ရမယ့် ဗိုလ်လုပွဲမှာ ပွဲကြီးပွဲကောင်း ဖြစ်လာနိုင်ပါတယ်။ ဂျိုကိုဗစ်နဲ့ မာရေးတို့ရဲ့ ပြင်သစ်အိုးပင်း ဗိုလ်လုပွဲစဉ်ကို ဇွန်လ ၅ ရက် (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် ည ၇း၃၀ မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
Source & Photo: LiveScores, BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ