Other Sports: ဂန္တဝင်လက်ဝှေ့ကျော် မိုဟာမက်အလီ ကွယ်လွန်

'The Greatest' လို့ ပရိသတ်တွေက ခေါ်ဝေါ်ကြတဲ့ အလီက ၁၉၆၄ ခုနှစ်မှာ ဆန်နီလစ်တန်ကို အနိုင်ရယူပြီးနောက် ၎င်းရဲ့ ပထမဆုံး ကမ္ဘာ့လက်ဝှေ့ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

play


ကမ္ဘာ့ဂန္တဝင်လက်ဝှေ့ကျော် မိုဟာမက်အလီ ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းရဲ့မိသားစု ပြောခွင့်ရပုဂ္ဂိုလ် ပြောပါတယ်။ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချိန်ပီယံဟောင်း အလီဟာ ကမ္ဘာ့လူသိအများဆုံး အားကစားသမားတစ်ဦး ဖြစ်ပါတယ်။

play


အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလီဟာ အာရီဇိုးနားပြည်နယ် ဖီးနစ်မြို့ရှိ ဆေးရုံတစ်ရုံကို ကြာသပတေးနေ့ (ဇွန်လ ၃ ရက်) က တက်ရောက်ခဲ့ရပြီးနောက် သောကြာနေ့ (ဇွန်လ ၃ ရက်) မှာ ကွယ်လွန်ခဲ့ပါတယ်။

play


အသက်ရှူလမ်းကြောင်း ပိုးဝင်မှုမှတစ်ဆင့် ဖျားနားခဲ့ပြီး ယခင်ကတည်းက ခံစားနေရတဲ့ ပါကင်ဆန်ရောဂါကြောင့် ကျန်းမာရေး အခြေအနေ ပိုမို ဆိုရွားသွားခဲ့တယ်လို့ ဆိုပါတယ်။

play


အလီရဲ့ ဈာပနကို ၎င်းရဲ့ ဇာတိမြို့ ကင်တက်ကီပြည်နယ် လူးဝစ်ဗီလီမှာ ပြုလုပ်သွားမယ်လို့ မိသားစုက ထုတ်ပြန်ပြောကြားပါတယ်။ အလီဟာ ၁၉၆၀ ပြည့်နှစ်က ရောမအိုလံပစ်ပြိုင်ပွဲမှာ အသက် ၁၈ နှစ်အရွယ်ဖြင့် အမေရိကန်နိုင်ငံ ကိုယ်စားပြုပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပါတယ်။

play


'The Greatest' လို့ ပရိသတ်တွေက ခေါ်ဝေါ်ကြတဲ့ အလီက ၁၉၆၄ ခုနှစ်မှာ ဆန်နီလစ်တန်ကို အနိုင်ရယူပြီးနောက် ၎င်းရဲ့ ပထမဆုံး ကမ္ဘာ့လက်ဝှေ့ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

play


အလီဟာ ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံဆုကို သုံးကြိမ်တိုင် ရရှိကာကွယ်နိုင်ခဲ့တဲ့ ပထမဆုံး လက်ဝှေ့သမားလည်း ဖြစ်ခဲ့ပါတယ်။

play


အလီဟာ ၁၉၈၁ ခုနှစ်မှာ လက်ဝှေ့ထိုးခြင်းမှ အနားယူခဲ့ပြီး ၎င်းရဲ့ လက်ဝှေ့သက်တမ်းတစ်လျှောက် ၆၁ ကြိမ် ထိုးသတ်ခဲ့ရာ ၅၆ ကြိမ် အနိုင်ရရှိခဲ့ပါတယ်။
မိုဟာမက်အလီ အမှတ်တရ ပုံရိပ်များ ကြည့်ရှုရန်
Source & Photo: BBC, Reuters, Wikipedia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ