Other Sports: မိုဟာမက်အလီကို ဒေးဗစ်ဘက်ခမ်းက အင်စတာဂရမ်မှာ ချီးကျူးဂုဏ်ပြု

ကွယ်လွန်သွားတဲ့ လက်ဝှေ့ကျော်မိုဟာမက်အလီအတွက် အားကစားကြယ်ပွင့်အသီးသီးတွေ ဝမ်းနည်းဂုဏ်ပြုစကား ဆိုခဲ့ကြပါတယ်။

play

 

အမေရိကန် ဂန္တဝင်လက်ဝှေ့ကျော် မိုဟာမက်အလီ ကွယ်လွန်သွားတဲ့အပေါ် အင်္ဂလန်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းကလည်း လူမှုကွန်ယက်မှာ ဝမ်းနည်းဂုဏ်ပြုစကား အမှတ်တရ ပြောကြားခဲ့ပါတယ်။

မိုဟာမက်အလီဟာ အသက် ၇၄ နှစ်အရွယ်မှာ ကာလကြာရှည် ခံစားခဲ့ရတဲ့ ပါကင်ဆန်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ချက်ခြင်းဆိုသလို လူမှုကွန်ယက်နဲ့ အင်တာနက်မှာ သူ့အကြောင်းက လူပြောများလာခဲ့ပါတယ်။ လက်ဝှေ့နဲ့ အားကစားလောကမှာရှိတဲ့ ကြယ်ပွင့်အားကစားသမားအများအပြားလည်း မိုဟာမက်အလီကို တမ်းတပြီး ချီးကျုးဂုဏ်ပြခဲ့ကြပါတယ်။

play

 

မိုဟာမက်အလီရဲ့ ထင်ရှားတဲ့စကားတစ်ခွန်းဖြစ်တဲ့ "မဖြစ်နိုင်တာ ဘာမှမရှိဘူး" ဆိုတဲ့ စကားကို ဒေးဗစ်ဘက်လမ်းဟာ အင်စတာဂရမ်မှာ သူတို့နှစ်ဦး ဓာတ်ပုံနဲ့အတူ ပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ်။

play

 

" မဖြစ်နိုင်ဘူးဆိုတာ ယာယီအခြေအနေ၊ မဖြစ်နိုင်ဘူးဆိုတာ မဖြစ်သေးတဲ့ အရာ၊ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါ" လို့ မိုဟာမက်အလီ ကြွေးကြော်ခဲ့ဖူးပါတယ်။ လက်ဝှေ့ကျော် ဖလွိုက်မေဝဲလ်သာလည်း မိုဟာမက်အလီကို ချီးကျူးဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး