AD
AD
AD
play


ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို ယနေ့ (ဇွန်လ ၄ ရက်) ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလျံကို မူဂူရူဇာက အံ့အားသင့်ဖွယ် အနိုင်ယူပြီး ချန်ပီယံဆု ဆွတ်ခူးသွားပါတယ်။

play


စပိန်တင်းနစ်မယ် မူဂူရူဇာက ကမ္ဘာ့အဆင့်တစ်မှာ ရပ်တည်နေတဲ့ ဆရီနာကို ၇-၅၊ ၆-၄ ဖြင့် ပွဲငယ် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

play


ကမ္ဘာ့အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ မူဂူရူဇာအတွက် ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာ ဖြစ်သလို ဂရင်းဆလင်းပြိုင်ပွဲ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

play


မူဂူရူဇာဟာ ၁၉၉၈ ခုနှစ်က ပြင်သစ်အိုးပင်းမှာ စပိန်သူ ဆန်ချက်ဗီကာရီယို ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ပြင်သစ်အိုးပင်း ချန်ပီယံဖြစ်လာတဲ့ ပထမဆုံး စပိန်တင်းနစ်မယ် ဖြစ်လာခဲ့ပါတယ်။

play


အမေရိကန်တင်းနစ်မယ် ဆရီနာမှာ သူမအတွက် ၂၂ ကြိမ်မြောက် ဂရင်းဆလင်း ချန်ပီယံဆုနဲ့ ပြင်သစ်အိုးပင်း ချန်ပီယံဆု ၄ ကြိမ်မြောက် ရရှိမယ့် အခွင့်အရေးကို လွဲချော်ခဲ့ပါတယ်။
Source & Photo: Daily Mail, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD