Other Sports: မိုဟာမက်အလီအတွက် တွစ်တာပေါ်က ဝမ်းနည်းမှတ်တမ်း

အသက် ၇၄ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

play

 

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဂန္ထဝင်လက်ဝှေ့ကျော် မိုဟာမက်အလီကို နှမျောတသနေကြသူတွေရဲ့ ဝမ်းနည်းစကားတွေဟာ လူမှုကွန်ရက်နဲ့ မီဒီယာမှာ ပျံ့နှံ့နေပါတယ်။ အလီဟာ အသက်ရှုလမ်းကြောင်းပိုးဝင်လို့ ဇွန်လ ၃ ရက်နေ့မှာ ဆေးရုံတင်ခဲ့ပြီးနောက် ၄ ရက်နေ့မှာ ဆုံးပါးသွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ် ရှိပါပြီ။ မိုဟာမက်အလီအတွက် ဝမ်းနည်းစကားပြောသူတွေထဲမှာ နာမည်ကျော်တွေလည်း အများအပြား ပါဝင်ပါတယ်။ ယင်းတို့အနက် တွစ်တာပေါ်က ဝမ်းနည်းကြောင်းပို့စ်အချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

play

 

" မိုဟာမက်အလီ အသက် ၇၄ နှစ်မှာ ကွယ်လွန်သွားပါပြီ၊ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံအစစ်၊ အံ့သြချီးကျူးဖွယ်ယောက်ျား။ သူ့ကို အားလုံးကလွမ်းနေပါလိမ့်မယ်" (ဒေါ်နယ်ထရန့်)

play

 

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ သုံးကြိမ်ဖြစ်ခဲ့တဲ့ မိုဟာမက်အလီကို လက်ဝှေ့ကျော် မိုက်တိုင်ဆန်က ဘုရားတစ်ပါးလို ခိုင်းနှိုင်းထားပါတယ်။

play

 

အဆိုတော် Snoop Dogg ကတော့ မိုဟာမက်အလီရဲ့ အသက် ၇၀ ပြည့်မွေးနေ့မှာ အတူတွဲရိုက်ခဲ့တဲ့ပုံနဲ့အတူ " အသက် ၇၀ ပြည့် ချန်ပီယံနဲ့ ကျွန်တော်" ဆိုတဲ့စာသားကို ဖော်ပြခဲ့ပါတယ်။

play

 

တွစ်တာ လူမှုကွန်ရက်ကို ပူးတွဲတည်ထောင်သူ ဂျက်ခ်ဒေါ်ဆေက အလီရဲ့အဖြူအမည်းဓာတ်ပုံတစ်ပုံကို ဝမ်းနည်းကြောင်းစာသားနဲ့အတူ သူ့ရဲ့တွစ်တာမှာ တင်ထားပါတယ်။

play

 

မော်ဒယ်ကြီး နာအိုမီကမ့်ဘဲလ်က အလီနဲ့ နယ်လ်ဆန်မန်ဒဲလားတို့ရဲ့ ဓာတ်ပုံတစ်ပုံမှာ ကျွန်မရဲ့သူရဲကောင်းနှစ်ဦးလို့ ရေးသားထားပါတယ်။ အလီကို လွမ်းဆွတ်ကြောင်း အခြားပို့စ်တွေကိုလည်း တင်ထားသေးတာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ