Other Sports: ချစ်သူ ဘတ်စကက်ဘောသမား ဖောက်ပြန်လို့ လူမှုကွန်ရက်မှာ ရည်းစားသစ် ရှာနေတဲ့ ပလေးဘွိုင်းမော်ဒယ်

, updated

ဒီအကြောင်းတွေက သူမက လူမှုကွန်ရက်မှာ ပုံတွေနဲ့တကွ သူမက ပြန်လည်ဖောက်သည်ချခဲ့တာပါ။

play

 

ပလေးဘွိုင်းမော်ဒယ်တစ်ဦးဖြစ်သူ ကန်နေဒီဆန်မားစ်က သူ့ရဲ့ချစ်သူ ဘတ်စ်ကတ်ဘောသမားဂျက်ဖ်ကို ဖောက်ပြန်နေသူတစ်ဦးအဖြစ် စွပ်စွဲပြီး လူမှုကွန်ရက်မှာ လူသိရှင်ကြားကြေငြာလိုက်ပါတယ်။

play

 

ဘတ်စ်ကတ်ဘောမား ဂျက်ဖ်က သူတစ်ယောက်တည်း ရုပ်ရှင်သွားကြည့်မယ်လို့ဆိုပြီး လက်မှတ်နှစ်စောင် တွေ့ခဲ့ရကြောင်း ဆန်မားစ်က ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ သူ့ချစ်သူ ဂျက်ဖ်ရဲ့ အင်စတာဂရမ်အကောင့်ထဲကိုဝင်ကာ "ကျွန်တော်ဒီမိန်းကလေးအပေါ် လှည့်စားမိခဲ့ပါတယ်။ သူမကို ကျွန်တော့်ရဲ့ အင်စတာဂရမ်လျှို့ဝှက်နံပါတ်လည်း မပေးခဲ့သင့်ပါဘူး" လို့ ရေးသားခဲ့ပါသေးတယ်။

play

 

ဒီစာသားကို ဆန်းမားစ်က ရေးတင်တာဖြစ်ပြီး ဂျက်ဖ်က ရေးသယောင် လုပ်ခဲ့တာပါ။

play

 

နောက်ပိုင်းမှာတော့ ဂျက်ဖ်ဘက်ကလည်း ဒီကိစ္စ လုံးဝမဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါသေးတယ်။ ဒီလိုဖြစ်ပြီးနောက် ကန်နေဒီဆန်းမားစ်က သူမနဲ့ ချိန်းတွေ့ချင်တဲ့သူများ အွန်လိုင်းမှာ ရှိမလားဆိုပြီး အရွဲ့တိုက်ကာ ရေးသားခဲ့ပါသေးတယ်။

အခုတော့ သူမက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးတစ်ခုလည်း လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Source : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ