Other Sports: ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ဂျိုကိုဗစ် ပထမဆုံးအကြိမ် ရရှိ

ဂျိုကိုဗစ်နဲ့ မာရေးတို့ နှစ်ဦးလုံးဟာ ပြင်သစ်အိုးပင်းမှာ ဆုဖလားရယူထားနိုင်ခြင်း မရှိသေး

play


ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို တနင်္ဂနွေနေ့ (ဇွန်လ ၅ ရက်) ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ နိုဗက်ခ် ဂျုကိုဗစ်က အန်ဒီမာရေးကို အနိုင်ရရှိပြီး ချန်ပီယံဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးသွားပါတယ်။

play


ကမာ့အဆင့်တစ် တင်းနစ်ကစားသမား ဂျိုကိုဗစ်က မာရေးကို ပထမပွဲငယ်မှာ ရှုံးနိမ့်ခဲ့ပေမဲ့ နောက်ပွဲငယ်သုံးပွဲလုံးမှာ အနိုင်ယူပြီး ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂျုကိုဗစ်က မာရေးကို ၃-၆၊ ၆-၁၊ ၆-၂၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

play


ယခုနှစ် ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ဂျိုကိုဗစ် ရရှိခဲ့ပြီးနောက် တင်းနစ်ကစားသမား သက်တမ်းမှာ ဂရင်းဆလင်းပြိုင်ပွဲ ၄ ခုလုံးရဲ့ ချန်ပီယံဆု ရရှိသူအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

play


ဂျိုကိုဗစ်နဲ့ မာရေးတို့ နှစ်ဦးလုံးဟာ ပြင်သစ်အိုးပင်းမှာ ဆုဖလားရယူထားနိုင်ခြင်း မရှိသေးပါဘူး။

play


ဂျိုကိုဗစ်ဟာ ယခုနှစ် ပြင်သစ်အိုးပင်း ချန်ပီယံဆု အပါအဝင် ဂရင်းဆလင်း ချန်ပီယံဆုကို စုစုပေါင်း ၁၂ ကြိမ် ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ