Other Sports: မိုဟာမက်အလီရဲ့ ဈာပန သောကြာနေ့တွင်ပြုလုပ်မည်

The Geratest လို့ တင်စားကြတဲ့ ဂန္ထဝင်လက်ဝှေ့အကျော်အမော်ရဲ့ ဈာပနအခမ်းအနားကို သောကြာနေ့မှာ ပြုလုပ်သွားမှာပါ။

play

 

ဇွန်လ ၄ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ဂန္ထဝင်လက်ဝှေ့ကျော် မိုဟာမက်အလီရဲ့ ရုပ်အလောင်းကို တနင်္ဂနွေနေ့မှာ မွေးရပ်ဇာတိကို ပြန်လည်သယ်ဆောင်လာခဲ့ပါတယ်။

play

play

 

အလီဟာ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့ကဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး  အလီရဲ့ရုပ်ကလာပ်ကို သီးသန့်လေယာဉ်နဲ့ သယ်ဆောင်လာခဲ့ရာ တနင်္ဂနွေနေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှာ လူဝီဗိုင်းလ်ကို ရောက်ရှိခဲ့ပါတယ်။ ရုပ်ကလာပ်ကိုတော့ လူဝီဗိုင်းက ဈာပနကျင်းပမယ့်နေရာမှာ သောကြာနေ့အထိ ထားရှိသွားမှာပါ။

play

 

မြို့ခံအိမ်နဲ့ မိုဟာမက်အလီစင်တာမှာ အလီကိုလွမ်းဆွတ်ကြောင်း ပန်းစည်းနဲ့ အမှတ်တရပစ္စည်းတွေ လာရောက်ထားရှိသူတွေလည်း များပြားနေဆဲပါ။

play

 

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ၃ ကြိမ် ဖြစ်ဖူးသူ မိုဟာမက်အလီဟာ ပတ်ကင်ဆန်ရောဂါကို ကာလရှည်ကြာ ခံစားနေခဲ့ရတာဖြစ်ပြီး အသက် ၇၄ နှစ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Source : Sky

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ