Other Sports: အိန္ဒိယကာယဗလမောင်ဟောင်း မနိုဟာ ကွယ်လွန်

, updated
play

 

အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းကာယဗလမောင်ဟောင်း မနိုဟာအဒ်ဟာ ဇွန်လ ၅ ရက်နေ့က သူနေထိုင်ရာ ကာလကတ္တားမြို့မှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၁၀၄ နှစ် ရှိပြီဖြစ်ကာ အသက်အရွယ်အိုမင်းမှုကြောင့်နဲ့ ဆုံးပါးသွားခဲ့ရတယ်လို့ မိသားစုက ဆိုပါတယ်။

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီး ငါးနှစ်အကြာ၊ ၁၉၅၂ ခုနှစ်မှာ မနိုဟာက မောင်စကြဝဠာ (Mr Universe) ဖြစ်လာခဲ့ပါတယ်။ သူဟာ မောင်စကြဝဠာဘွဲ့ကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အိန္ဒိယနိုင်ငံသားပါ။

play
အသက် ၈၉ နှစ်က ကာယစွမ်းရည်ပြသနေတဲ့ မနိုဟာ

 

သူက အရပ်မောင်းကောင်းသူတော့ မဟုတ်ပါဘူး။ အရပ် ၄ ပေ ၁၀ လက်မသာရှိတဲ့ မနိုဟာကို အိတ်ဆောင်ဟာကျူလီ (Pocket Hercules) လို့လည်း ခေါ်ဝေါ်ကြပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ