Other Sports: ရုရှား တင်းနစ်မယ် ရှာရာပိုဗာ တင်းနစ်ကစားခွင့် နှစ်နှစ်ပိတ်ပင်ခံရ

, updated

တားမြစ်ဆေးသုံးစွဲကြောင်း ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

play

 

တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိခဲ့တဲ့ ရုရှားတင်းနစ်မယ် ရှာရာပိုဗာကို တင်းနစ်ကစားခွင့် နှစ်နှစ်ပိတ်ပင်လိုက်ကြောင်း အပြည်ပြည်ဆိုင်ရာတင်းနစ်အဖွဲ့ချုပ်က ကြေညာလိုက်ပြီဖြစ်ပါတယ်။ တင်းနစ်မယ် ရှာရာပိုဗာဟာ  နှလုံးအတွက် အထောက်အပံ့ပေးတဲ့ ဆေးဝါးတစ်မျိုးကို မှီဝဲကြောင်း တွေ့ရှိခဲ့တာဖြစ်လို့ အခုပြစ်ဒဏ်ကို ကျခံခဲ့ရတာပါ။

play

 

သူမရဲ့ ရောဂါအခြေအနေကြောင့် ၂၀၀၆ ခုနှစ်ကတည်းက ဒီဆေးဝါးတွေကို မှီဝဲခဲ့ရတာလို့ ရှာရာပိုဗာက ပြောပါတယ်။ ဒါပေမဲ့ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အပေါ် လက်မခံနိုင်လို့ အယူခံ ဝင်သွားမှာ ဖြစ်တယ်လို့ ရှာရာပိုဗာက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ သူမအတွက် မတရားဘူးလို့လည်း ဂရင်းစလန်း ချန်ပီယံငါးကြိမ်ဖြစ်ထားတဲ့ ရှာရာပိုဗာက ပြောပါတယ်။

play

 

ဒါပေမဲ့လည်း တားမြစ်ဆေးလို့  အပြည်ပြည်ဆိုင်ရာ တားမြစ်ဆေး ထိန်းချုပ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ ဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်ကြာကြာအထိ အစွမ်းပြနေနိုင်မယ်ဆိုတာ မဖော်ထုတ်နိုင်သေးကြောင်း အဆိုပါ အဖွဲ့အစည်းက ဝန်ခံထားပါတယ်။

play

 

ဒါကြောင့် ဆေးသုံးစွဲသည့်တိုင် ပွဲပယ်ကလွတ်မြောက်နိုင်တဲ့ ကစားသမားတွေ ရှိနေနိုင်ပါသေးတယ်။

Source : BBC

Photos : AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး