Other Sports: မော်ဒယ်ရှုံးလောက်တဲ့ ဂေါက်သီးရိုက် အားကစားမယ် (၉) ဦး

, updated

အားလုံးက ဂေါက်သီးအားကစားလောကမှာရော အင်စတာဂရမ်လူမှုကွန်ရက်မှာပါ အောင်မြင်နေကြသူတွေပါ။

play

 

အချို့အားကစားသမားတွေဟာ အားကစားမှာ ထူးချွန်သလို ချောမောပြေပြစ်တဲ့ ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားတတ်ကြပါတယ်။ အခုဖော်ပြမယ့် အမျိုးသမီးတွေကတော့ ဂေါက်သီးအားကစားလောကမှာ ပြောစရာမရှိအောင် ပြေပြစ်လွန်းတဲ့ အလှကို ပိုင်ဆိုင်ထားသူလည်းတွေ ဖြစ်ပါတယ်။

၁။ ဆာရာဝင်းတား

play

 

သူလှတာ သိပ်တော့မထူးဆန်းပါဘူး။ ကနေဒါအလှမယ်ဟောင်းလည်းဖြစ်ပြီး ဂေါက်သီး အားကစားမယ်အဖြစ် ရပ်တည်နေတာ ကိုးနှစ်ရှိပြီ ဖြစ်ပါတယ်။

၂။ မက္ကန်နာပေါ့တက်ရှ်

play

 အလှကြောင့် ဂေါက်သီးအားကစားလောကအတွင်း နာမည်ကျော်တစ်ယောက်ဖြစ်လာသူပါ။ သူမက ကြံ့ခိုင်ရေး မော်ဒယ်တစ်ဦးအဖြစ်လည်း ရပ်တည်လျှက်ရှိပါတယ်။

၃။ ခရစ္စတာပီဆိုက်

play

 

လက်ဗီးယားနိုင်ငံသူ ပရောက်ဖက်ရှင်နယ် ဂေါက်သီးအားကစားသမား ဖြစ်ပါတယ်။ သူမငယ်စဉ်က ပန်းပွားအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သူပါ။

၎။ ဟန်နာဂရစ်ဖင်

play

 

ဟန်နာဂရစ်ဖင်က အမေရိကန်နိုင်ငံသူပါ။ သူမ ပရော်ဖက်ရှင်နယ် ဂေါက်သီးအားကစားမယ် ဖြစ်မလာခင်က ဘောလုံးသမားဖြစ်ခဲ့ဖူးပါတယ်။

၅။ ကက်ဆန်ဒါဘလန်နေး

play

 

ဖလော်ရီဒါရဲ့ ပရော်ဖက်ရှင်နယ် ဂေါက်သီးလောကမှာတော့ သူမက ဆရာကြီးတစ်ဆူပါ။

၆။ ချယ်လ်ဆီးပက်ဇိုလာ

play

 

မီချီဂန်ဝုဖ်ဗရင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှာ မကြာခင်ပါဝင်လာတော့မယ်လို့ မျှော်လင့်ရတဲ့ ဂေါက်သီးအားကစားမယ် တစ်ဦးဖြစ်ပါတယ်။

၇။ ဆစ်စလီနော်ဒါးလ်

play

 

ချောမောလှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ သူမအတွက် အင်စတာဂရမ်မှာလည်း ပရိသတ်များနေတာ အထူးအဆန်းတော့မဟုတ်ပါဘူး။ နော်ဝေသူ ဂေါက်သီးအားကစားမယ် ဖြစ်ပါတယ်။

၈။ အလီရှားမွန်း

play

 

သူမကတော့ ပရော်ဖက်ရှင်နယ်အလုပ် သုံးခုလောက်ရှိပါတယ်။ ဂေါက်သီးလည်းရိုက်သလို၊ ဂျာနယ်လစ်တစ်ယောက်လည်းဖြစ်ပြန်ပါတယ်။ မော်ဒယ်တစ်ဦးအဖြစ်လည်း ရပ်တည်နေပါတယ်။

၉။ လူစီရော့ဘ်ဆင်

play

 

အမေရိကန် ဖလော်ရီဒါမှာရှိတဲ့ Treasure Coast ဒေသမှာ အကောင်းဆုံးကစားသမားဆုကို ၂၀၁၂နဲ့ ၂၀၁၃ တွေမှာ ရရှိခဲ့ဖူးသူပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ