Other Sports: အိုလံပစ်မီးရှူးတိုင် သယ်ဆောင်ပွဲမှာ အသုံးပြုခဲ့သည့် ကျားသစ်ကို လွတ်သွားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ

, updated

ကျားသစ်ကို သံကြိုးတွေနဲ့ ချည်နှောင်ထားပေမဲ့ လွတ်မြောက်သွားတာဖြစ်ပါတယ်။

play

 

ဘရာဇီးနိုင်ငံ ရီယိုအိုလံပစ်ပြိုင်ပွဲအတွက် မီးရှူးတိုင်သယ်ဆောင်ရာမှာ ပါဝင်စေခဲ့တဲ့ ကျားသစ်ကို အသေပစ်ခတ်ဖမ်းဆီးလိုက်ရကြောင်း ရဲတပ်ဖွဲ့ကအတည်ပြုခဲ့ပါတယ်။ တနင်္လာနေ့က ပြုလုပ်တဲ့ အခမ်းအနားမှာ အဆိုပါ ကျားသစ် လွတ်မြောက်သွားပြီးနောက် တပ်သားတစ်ယောက် တိုက်ခိုက်ခံခဲ့ရတယ်လို့  ဘရာဇီးစစ်တပ်က ပြောပါတယ်။

play

 

အိုလံပစ်မီးရှူးတိုင် သယ်ဆောင်တဲ့အခမ်းအနားမှာ အဆိုပါကျားသစ်ကိုပါခေါ်ဆောင်ခဲ့ပြီး သံကြိုးတွေနဲ့ ချည်နှောင်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ကျားသစ်ကို ထိန်းကျောင်းနေတဲ့ စစ်သားတွေရဲ့ အမှားအယွင်းကတစ်ဆင့် ကျားသစ်လွတ်မြောက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် ကျားသစ်ကို ပစ်ခတ်ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။

နိုင်ငံအတွင်း တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေကတော့ လူတွေရဲ့ပေါ့ဆမှုကြောင့် ကြားထဲက ကျားသစ်သေဆုံးရတာလို့ အပြစ်တင်နေကြပါတယ်။ လူတွေပါဝင်လှုပ်ရှားကြတဲ့ အိုလံပစ်အားကစားပြိုင်ပွဲ အခမ်းအနားမှာ မဆီမဆိုင် ကျားသစ်ကို အသုံးပြုတဲ့အတွက်လည်း ဝေဖန်ထားကြပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ