Other Sports: ဝင်ဘယ်ဒန်ပြိုင်ပွဲ မစခင်ကပင် ပရိသတ်အားပေးမှု ရနေသည့် ဝေါ်ဇနီယာကီ

ဝေါ်ဇနီယာကီက ဝင်ဘယ်ဒန်မှာ အောင်မြင်မှု မရဖူးသေးတဲ့ ကစားသမားဖြစ်ပါတယ်။

play

 

လန်ဒန်မှာ စတင်ကျင်းပနေပြီဖြစ်တဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် အမျိုးသမီး တင်းနစ်ကစားသမားအဖြစ် ဆီရီနာဝီလျံပြီးရင် ဝေါ်ဇနီယာကီ ရပ်တည်လျှက်ရှိပါတယ်။ ဒိန်းမတ် တင်းနစ်မယ် ဝေါ်ဇနီယာကီက မကြာသေးခင်ကလည်း ခန္ဓာကိုယ်အလှကို ထင်ရှားစေတဲ့ ဝတ်စုံနဲ့ ဓာတ်ပုံတွေ ရိုက်ခဲ့ပါသေးတယ်။

play

 

ပြီးခဲ့တဲ့ နှစ်တော့ ဝေါ်ဇနီယာကီက စတုတ္ထအဆင့်မှာတင် ထွက်ခဲ့ရပေမယ့် ဒီနှစ်မှာ အရင်နှစ်ကထက် ပိုပြီးအောင်မြင်လိမ့်မယ်လို့ ထင်ကြေးပေးခံရထားရပါတယ်။ ကမ္ဘာ့နံပတ် ၁ ဖြစ်ခဲ့ဖူးတဲ့ ဝေါ်ဇနီယာကီက ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ အောင်မြင်မှု အရဆုံးက စတုတ္ထအဆင့်သာ ဖြစ်လို့ ဒီနှစ်ဝင်ဘယ်ဒန်မှာ ပရိသတ်တွေက သူမကို အောင်မြင်စေချင်ကြတာဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြပါတယ်။

play

 

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာရိုလိုင်းဝေါ်ဇနီယာကီရဲ့ ပွဲစဉ်အပါအဝင် အခြားပွဲစဉ်တွေကို ကြည့်ဖို့ ပရိသတ်တွေဟာ ဒီကနေ့မနက်အစောပိုင်းကတည်းက ကွင်းရှေ့မှာ စခန်းချ စောင့်ဆိုင်းနေကြါပတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ