Other Sports: ဖုန်းဟမ်းသွားတဲ့ ပရိသတ်ကို စိတ်ရှည်ရှည်စောင့်ပေးပြီး ဆယ်ဖီအတူရိုက်တဲ့ ရော်နယ်ဒို

သဘောကောင်းတဲ့ ရော်နယ်ဒိုအဖြစ် လူမှုကွန်ရက်မှာ ချီးကျူးခံနေရပါတယ်။

play

 

သြစတြီးယားနဲ့ ပေါ်တူဂီ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်မှာ ပွဲအပြီးကွင်းထဲပြေးဝင်လာတဲ့ ပရိသတ်နဲ့ ဓာတ်ပုံအတူရိုက်ခဲ့တဲ့ ရော်နယ်ဒိုဟာ ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ချခံရမယ့်အခြေအနေက လွတ်မြောက်ခဲ့ပါတယ်။ ပွဲအပြီးမှာ ကွင်းထဲဝင်လာတဲ့ပရိသတ်ကို တာဝန်ရှိသူတွေက ဆွဲထုတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ရော်နယ်ဒိုက ကာကွယ်ပေးခဲ့လို့ဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုဆီ ပြေးလာတဲ့ အဆိုပါပရိသတ်ဟာ ဆယ်ဖီအတူရိုက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကင်မရာဖွင့်ဖို့ကြိုးပမ်းချိန်မှာ သူ့ရဲ့ဖုန်းကဟန်းသွားခဲ့တာပါ။ ဒါပေမယ့် ရော်နယ်ဒိုက ဖုန်းပြန်ကောင်းလာတဲ့အထိ စိတ်ရှည်လက်ရှည်စောင့်ပေးခဲ့ပြီး အဆိုပါပရိသတ်ကို ကွင်းထဲက ခေါ်ထုတ်ဖို့ ကြိုးစားနေတဲ့ လုံခြုံရေးအရာရှိတွေကိုလည်းမလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

ဒီအတွက် ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ရော်နယ်ဒိုကို အရေးယူဖို့ ဆွေးနွေးခဲ့ပေမယ့် နောက်ပိုင်းမှာ အရေးမယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပရိသတ်ကို ဆယ်ဖီရိုက်ဖို့ သာမန်ထက် အချိန်ပေးခဲ့တဲ့အပြင် ကွင်းထဲက ဆွဲထုတ်ခံရမယ့်အရေးကပါ ကာကွယ်ခဲ့တဲ့ ရော်နယ်ဒိုကိုတော့ လူမှုကွန်ရက်မှာချီးကျူးနေကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ