Other Sports: ကမ္ဘာ့နံပတ် ၁ ဂျိုကိုဗစ် ဝင်ဘယ်ဒန် တတိယအဆင့်တွင် ရှုံးနိမ့်

တစ်ဖက်မှာ ဗြိတိန်အကျော်အမော် အန်ဒီမာရေးကတော့ နိုင်ပွဲရခဲ့ပါတယ်။

play

 

လန်ဒန်မှာ ကျင်းပနေတဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်-၁ တင်းနစ်ကစားသမား ဂျိုကိုဗစ်က အမေရိကန်တင်းနစ်ကစားသမား ဆမ်ကွာရေးကို ပြိုင်ပွဲ တတိယအဆင့်မှာပဲ အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲကထွက်သွားခဲ့ရပါတယ်။

play

 

ဂျိုကိုဗစ်တို့ပွဲစဉ်ကို သောကြာနေ့ ညနေပိုင်းမှာ စတင်ကစားခဲ့ပေမယ့် မိုးသည်းထန်ခဲ့တာကြောင့် ပွဲစဉ်ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။ ဆမ်ကွာရေးက ဂျိုကိုဗစ်ကို ၇-၆၊ ၆-၁၊ ၃-၆၊ ၇-၆ ရလဒ်တွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်အတွက်တော့ ၂၀၁၅ ဂရင်းစလင်း ဗိုလ်လုပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ရှုံးပွဲတွေ့ခဲ့တာလည်းဖြစ်ပါတယ်။

play

 

ဒီနှစ်ထဲမှာပဲ ဂျိုကိုဗစ်က သြစတြေးလျအိုးပင်းနဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲတွေမှာချန်ပီယံ ဖြစ်ထားသူလည်းဖြစ်ပါတယ်။ တစ်နှစ်တည်းမှာ အဓိကပြိုင်ပွဲတွေအတွက် ချန်ပီယံဖြစ်ဖို့အခွင့်အရေးကို ဂျိုကိုဗစ် ဆုံးရှုံးခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွက် ကြံ့ခိုင်မှု ပြည့်ပါရဲ့လားလို့ မေးတဲ့မေးခွန်းတွေအပေါ်ကိုတော့ ဂျိုကိုဗစ်က ရှောင်ရှားဖြေကြားခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း သူ့ကိုအနိုင်ယူခဲ့တဲ့ ဆမ်ကွာရေးကတော့ တကယ့်ကို အနိုင်နဲ့ ထိုက်တန်ခဲ့ကြောင်း ဂျိုကိုဗစ်က ချီးကျူးပါတယ်။ တစ်ဖက်မှာ ဗြိတိန်ရဲ့ အန်ဒီမာရေးကတော့ သြစတြေးလျပြိုင်ဘက်ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး