Other Sports: အိုလံပစ်ရဲ့ ပထမဆုံး သုံးမြွှာပူးပြိုင်ပွဲဝင်

စံနှုန်းတွေကလည်း အသက်ကြီးစဉ်ငယ်လိုက်အတိုင်း ထူးထူးဆန်းဆန်း ရှိနေပြန်ပါတယ်။

play

 

အိုလံပစ်သက်တမ်းတစ်လျှောက်မှာ စိတ်ဝင်စားဖို့အကောင်းဆုံး ပြိုင်ပွဲဝင်သုံးဦးက မကြာခင်ကျင်းပမယ့် ရီယိုအိုလံပစ်မှာ တစ်ပြိုင်နက်တည်း ဝင်ပြိုင်ကြတော့မှာပါ။ အက်စတိုးနီးယားက သုံးမြွှာပူးညီအစ်မနှစ်ယောက်က မာရသွန်ပြိုင်ပွဲကို ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။

play

 

Leila ၊ Liina နဲ့ Lily Liuk ဆိုတဲ့ ညီအစ်မသုံးဦးက အသက် ၃၀ ရှိပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်ကစလို့ အပြေးလေ့ကျင့်နေခဲ့ကြတယ်လို့ ပြောပါတယ်။ သူမတို့သုံးယောက်ဟာ အချိန် ၂ နာရီ ၄၅ မိနစ်ကြာ မာရသွန်ကို ဝင်ပြိုင်ကြမှာဖြစ်ပြီး စံနှုန်းတွေကလည်း အသက်ကြီးစဉ်ငယ်လိုက်အတိုင်း ထူးထူးဆန်းဆန်း ရှိနေပြန်ပါတယ်။ အကြီးဆုံးအစ်မ Leila က ၂ နာရီ ၃၇ မိနစ် ၁၁ စက္ကန့်၊ အလတ်ဖြစ်သူ Liina က ၂ နာရီ ၃၉ မိနစ် ၄၂ စက္ကန့်နဲ့ အငယ်ဆုံး Lily က ၂ နာရီ ၄၀ မိနစ် ၃၀ စက္ကန့်တို့ ဖြစ်ကြပါတယ်။

play

 

အမြွှာသုံးယောက်က Trio to Rio အမည်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေလည်း ဖွင့်ထားပြီး လူတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိထားပါတယ်။ ပြီးခဲ့တဲ့ဆောင်းတွင်းကာလတစ်ခုလုံးကိုလည်း ကင်ညာမှာ လေ့ကျင့်ခန်းဆင်းနေခဲ့တဲ့ အမြွှာသုံးယောက်က ပြိုင်ပွဲအတွက်အတွက် လုံလောက်တဲ့လေ့ကျင့်မှုတော့ ရနေကြပါပြီ။ ဒါပေမဲ့လည်း စိတ်တော့လှုပ်ရှားနေမိတယ်လို့ ဆိုကြပါတယ်။

Source : Washington Post

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ