Other Sports: ပွဲ ၃၀၀ ပြည့် ဂရင်းဆလင်း နိုင်ပွဲရသွားတဲ့ ဆရီနာ

ဆရီနာဟာ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲရဲ့ လက်ရှိ အမျိုးသမီးတစ်ဦးချင်း ချန်ပီယံလည်း ဖြစ်ပါတယ်။

play


ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကစားနေတဲ့ အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံက တနင်္ဂနွေ့နေ့ (ဇူလိုင် ၃ ရက်) ပွဲစဉ်မှာ အန်နီကာဘက်ခ်ကို ၆-၃၊ ၆-၀ ဖြင့် ပွဲငယ်နှစ်ပွဲပြတ် အနိုင်ယူကာ ၁၆ ဦးအဆင့်သို့ တက်ရောက်သွားပါတယ်။

play


ဆရီနာရဲ့ တနင်္ဂနွေနေ့ ဝင်ဘယ်လ်ဒန်နိုင်ပွဲမှာ သူမရဲ့ ကစားသမား သက်တမ်းတစ်လျှောက် ဂရင်းဆလင်း ပြိုင်ပွဲကြီး ၄ ခုမှာ ပွဲ ၃၀၀ မြောက် နိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဆရီနာဟာ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲရဲ့ လက်ရှိ အမျိုးသမီးတစ်ဦးချင်း ချန်ပီယံလည်း ဖြစ်ပါတယ်။

၁၆ ဦးအဆင့် ပွဲစဉ်အဖြစ် ဆရီနာနဲ့ ကာလရှည်ပြိုင်ဘက် ရုရှားတင်းနစ်မယ် ဆဗက်လန်နာ ကုဇညက်ကိုဗာတို့ တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။
Source & Photo: DLML

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ