Other Sports: ဖက်ဒရာနဲ့ ဆရီနာ ဝင်ဘယ်လ်ဒန် ကွာတားဖိုင်နယ် တက်ရောက်

ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင် ၅ ရက်မှ ၇ ရက်နေ့အတွင်း ယှဉ်ပြိုင်ကစားသွားမှာပါ။

play


ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲမှာ နာမည်ကြီးတွေဖြစ်တဲ့ ရော်ဂျာဖက်ဒရာနဲ့ ဆရီနာဝီလျံတို့ ကွာတားဖိုင်နယ်အဆင့်ကို အသီးသီး တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ဆွီဒင်တင်းနစ်ကစားသမား ဖက်ဒရာက တနင်္လာနေ့ (ဇူလိုင် ၄ ရက်) အမျိုးသားတစ်ဦးချင်း ပွဲစဉ်မှာ အမေရိကန်မှ စတိဗ်ဂျွန်ဆင်ကို ၆-၂၊ ၆-၃၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

play


အဆိုပါ နိုင်ပွဲကြောင့် ဖက်ဒရာဟာ ဂရင်းဆလင်းအဆင့် ပြိုင်ပွဲကြီးတွေမှာ စုစုပေါင်း နိုင်ပွဲ ၃၀၆ ပွဲဖြင့် စံချိန်တင်ထားသူ မာတင် နက်ဗ်ရာတီုလိုဗာနဲ့ စံချိန်တူညီသွားခဲ့ပါတယ်။ ဖက်ဒရာက ဝင်ဘယ်လ်ဒန်ကွာတားဖိုင်နယ်ကို ၁၄ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်မှာ ဖက်ဒရာနဲ့ မာရင်စီလစ်တို့ တွေ့ဆုံယှဉ်ပြိုင်ရမှာပါ ဖြစ်ပါတယ်။

play


အမျိုးသမီးတစ်ဦးချင်း တနင်္လာနေ့ ပွဲစဉ်မှာ ကမ္ဘာ့အဆင်တစ် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံက ရုရှားမှ ဆဗက်လန်နာ ကုဇညက်ဆိုဗာကို ၇-၅၊ ၆-၀ ဖြင့် အနိုင်ရရှိပြီး ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ကို ၁၂ ကြိမ်မြောက်အဖြစ် တက်ရောက်နိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာ ဆရီနာနဲ့ ရုရှားတင်းနစ်မယ် အနက်တာစီယာ ပက်ဗဲလ်ယူချင်ကိုဗာတို့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ဇူလိုင် ၅ ရက်မှ ၇ ရက်နေ့အတွင်း ယှဉ်ပြိုင်ကစားသွားမှာပါ။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး