Other Sports: ဆရီနာနဲ့ဗီးနပ်စ် ညီအစ်မနှစ်ဦးလုံး ဝင်ဘယ်လ်ဒန် ဆီမီးဖိုင်နယ်တက်ရောက်

ဝင်ဘယ်လ်ဒန် ဖိုင်နယ်ပွဲစဉ်မှာ ဗီးနပ်စ်နဲ့ ဆရီနာ ညီအစ်မနှစ် တွေ့ဆုံနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

play
ဗီးနပ်စ်ဝီလျံ


အမေရိကန်တင်းနစ်မယ် ညီအစ်မနှစ်ဦးဖြစ်တဲ့ ဗီးနပ်စ်ဝီလျနဲ့ ဆရီနာဝီလျံတို့ နှစ်ဦးလုံး ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦး ဆီးမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဗီးနပ်စ်ဝီလျံက ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်မှာ ကဇက်ခ်စတန်ကို ၇-၆(၇-၅)၊ ၆-၃ ဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

play


ဂရင်ဆလင်းအဆင့် ချန်ပီယံဆု ၇ ကြိမ်ရရှိထားသူ ဗီးနပ်စ်ဟာ ဝင်ဘယ်လ်ဒန် ချန်ပီယံဆု ၅ ကြိမ် ဖြစ်ခဲ့တဲ့ နာမည်ကြီး တင်းနစ်မယ်လည်း ဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ဗီးနပ်စ်ဟာ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲရဲ့ ၂၂ နှစ်အတွင်းမှာ ဆီးမီးဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ အသက်အကြီးဆုံး တင်းနစ်မယ်လည်း ဖြစ်လာခဲ့ပါတယ်။

play
အန်ဂျလီကေး ကာဘာ


ဗီးနပ်စ်ဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ ဝင်ဘယ်လ်ဒန် ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့တာပါ။ ဆီးမီးဖိုင်နယ်မှာ ဗီးနပ်စ်နဲ့ ကမ္ဘာ့အဆင့် ၄ မှာ ရပ်တည်နေတဲ့ ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ကာဘာတို့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

play
ဆရီနာဝီလျံ


ဗီးနပ်စ်ရဲ့ ညီမဖြစ်သူ ဆရီနာဝီလျံကလည်း ရုရှားတင်းနစ်မယ် ပက်ဗလူချန်ကိုဗာကို ကွာတားဖိုင်နယ်မှာ ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ဆရီနာက ဆီမီးဖိုင်နယ်မှာ ဗက်စ်နီနာနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။

play


ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ် ဆရီနာက ဂရင်းဆလင်းဆုဖလား ၂၁ ကြိမ်အထိ ရရှိထားသူဖြစ်ပြီး ဝင်ဘယ်လ်ဒန် ချန်ပီယံဆုကို ၆ ကြိမ် ရယူထားနိုင်ပါတယ်။ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီးမီးဖိုင်နယ် ပွဲစဉ်တွေကို ဇူလိုင် ၇ ရက်မှာ ဆက်လက် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

play
ဗက်စ်နီနာ


ဗီးနပ်စ်နဲ့ ဆရီနာ ညီအစ်မနှစ်ဦးလုံး ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့ပြီဖြစ်တဲ့ ဝင်ဘယ်လ်ဒန် ဖိုင်နယ်ပွဲစဉ်မှာ ၎င်းတို့ ညီအစ်မနှစ်ဦး တွေ့ဆုံနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
Source & Photo: BBC, LiveScores, Wimbledon, Daily Mail, ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ