Other Sports: အကြိတ်အနယ်ကစားပြီး ဝင်ဘယ်လ်ဒန် ဆီမီးဖိုင်နယ်ကို ဖက်ဒရာ တက်ရောက်

ဝင်ဘယ်လ်ဒန် ဆီးမီးဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် ၈ ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

play
ရော်ဂျာဖက်ဒရာ


နာမည်ကြီး ဆွစ်ဇာလန်တင်းနစ် ကစားသမား ရော်ဂျာဖက်ဒရာက ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်မှာ မာရင်စီလစ်ကို ပွဲငယ် ၅ ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပါတယ်။

play
ရာအိုနစ်


ဖက်ဒရာက စီလစ်ကို ပထမပွဲငယ် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးမှ သုံးပွဲဆက်တိုက် ပြန်လည် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ဖက်ဒရာက စီလစ်ကို ၆-၇၊ ၄-၆၊ ၆-၃၊ ၇-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

play
ဒေးဗစ်ဘက်ခမ်း


ဖက်ဒရာဟာ ဆီမီးဖိုင်နယ်မှာ ရာအိုနစ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဖက်ဒရာနဲ့ ရာအိုနစ်တို့ရဲ့ ဝင်ဘယ်လ်ဒန် ဆီးမီးဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် ၈ ရက် ည ၇း၀၀ (မြန်မာစံတော်ချိန်) မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

play
ဘရက်ဒလေကူးပါးနှင့် အီရီနာရှေး စုံတွဲ


အကြိတ်အနယ်ရှိခဲ့တဲ့ ဖက်ဒရာနဲ့ စီလစ်တို့ရဲ့ တင်းနစ်ပွဲစဉ်ကို နာမည်ကျော်တွေဖြစ်တဲ့ ဘောလုံးစတား ဒေးဗစ် ဘက်ခမ်း၊ မင်းသား ဘရက်ဒလေကူးပါးနဲ့ မော်ဒယ် အီရီနာရှေးတို့စုံတွဲ၊ ပေါ့ပ်အဆိုတော် အဲလီဂိုးလ်ဒင်းတို့ လာရောက်ကြည့်ရှုခဲ့တာ တွေ့ရပါတယ်။

play
ပေါ့ပ်အဆိုတော် အဲလီဂိုးလ်ဒင်း


Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ