Other Sports: အန်ဒီမာရေး ဝင်ဘယ်လ်ဒန် ဆီမီးဖိုင်နယ် တက်ရောက်

ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင် ၈ ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

play


နာမည်ကြီး ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ဂျိုဝီလ်ဖရီဆွန်ဂါကို ပွဲငယ် ၅ ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး အနိုင်ရရှိကာ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

play


မာရေးက ဆွန်ဂါကို ၇-၆ (၁၂-၁၀)၊ ၆-၁၊ ၃-၆၊ ၄-၆၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မာရေးက ဆီမီးဖိုင်နယ်မှာ ချက်ရီပတ်ဘလစ်မှ တိုမတ်စ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။

play


အခြား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆွစ်ဇာလန် နာမည်ကြီး တင်းနစ်ကစားသမား ဖက်ဒရာနဲ့ ရာအိုနစ်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင် ၈ ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ