Other Sports: အန်ဒီမာရေး အနိုင်ရသည့်ပွဲကို ဒေးဗစ်ဘက်ခမ်း သားနှစ်ဦးနှင့် လာရောက်အားပေး

အနုပညာလောကရဲ့ နာမည်ကြီးအကျော်အမော်တွေလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။

play

 

လန်ဒန်မှာ ကျင်းပနေတဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ဗြိတိန်တင်းနစ်အကျော်အမော် အင်ဒီမာရေးရဲ့ပွဲစဉ်ကို မန်ယူနဲ့ ရီးရဲလ်မက်ဒရစ်အသင်း ဘောလုံးသမားဟောင်း ဘက်ခမ်းလာရောက်ကြည့်ရှုခဲ့တာတွေ့ရပါတယ်။ ဘက်ခမ်နဲ့အတူ သားနှစ်ယောက်ဖြစ်တဲ့ အသက် ၁၁ နှစ်အရွယ် ခရုဇ်နဲ့ ၁၃ နှစ်အရွယ် ရိုမီယိုတို့လည်း လာရောက်ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။

play

 

အဆိုပါပွဲစဉ်မှာ အန်ဒီမာရေးက ပြိုင်ဘက် ဆွန်ဂါကို ပွဲငယ် ငါးပွဲ ကစားခဲ့ပြီးနောက် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

play

 

ဖက်ရှင်ကျတဲ့နေရာမှာ နာမည်ကြီးတဲ့ ဘက်ခမ်းက နေကာမျက်မှန်တပ်ထားပြီး အထူးပွဲကြည့်စင်ပေါ်မှာ သားနှစ်ယောက်နဲ့အတူ ရယ်ရယ်မောမောပွဲကို အားပေးနေခဲ့တာတွေ့ရပါတယ်။

play

 

ဘက်ခမ်းတပ်လာတဲ့ နေကာမျက်မှန်က သူ့ရဲ့ဇနီး ဗစ်တိုးရီးယားဘက်ခမ်း ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတဲ့ မျက်မှန်အမျိုးအစား ဖြစ်ပါတယ်။

play

 

ဘက်ခမ်းလိုပဲ ဗြိတိန်ရဲ့ အကျော်အမော်အချို့လည်း ပွဲကိုတက်ရောက်အားပေးခဲ့ကြပြီး ဟောလီးဝုဒ်သရုပ်ဆောင် ဘရက်ဒလေ ကူးပါးလည်း လာရောက်အားပေးခဲ့ပါသေးတယ်။

play

 

ဘရက်ဒလေ ကူးပါးနဲ့အတူရော်နယ်ဒိုရဲ့ ရည်းစားဟောင်း မော်ဒယ်သရုပ်ဆောင် အီရီနာရှေးတို့လည်း အန်ဒီမာရေးပွဲစဉ်ကို လာရောက်အားပေးခဲ့ကြပါတယယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ